(၂၉)

992 111 27
                                    

Unicode

အစ်ကိုဟာ ကျွန်တော့်ဆီ ဘယ်တော့မှပြန်မလာတော့ဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားထင်ပါသည်။ ပြီးခဲ့သည့်ရက်က အစ်ကို့သူငယ်ချင်းကိုသက်ဝေဆီက အစ်ကို့သတင်းကို သိရသည်။ သူ တောင်ငူပြန်ရောက်နေသည့်အကြောင်း၊ ဘယ်လောက်ကြာကြာနေဖြစ်မည်မှန်း မသိသေးကြောင်း ဖုန်းဆက်ကာ အကြောင်းကြားခဲ့သည်တဲ့။

အစ်ကိုသည် ကျွန်တော့်အား မဆက်သွယ်ခဲ့ပါဘဲနှင့် ကိုသက်ဝေကိုသာ ဆက်သွယ်ခဲ့သည်မှာ ကျွန်တော့်အား များစွာစိတ်ကုန်စိတ်ပျက်သွားခဲ့၍ဖြစ်မည်ထင်ပါသည်။

အစ်ကိုဟာ ကျွန်တော့်ဖုန်းကိုတော့ ကိုင်ဖို့ကောင်းပါသည်၊ ကျွန်တော် ရှင်းပြတာလေးကိုတော့ နားထောင်ပေးဖို့ ကောင်းပါသည်။

ကျွန်တော်ကတော့ သူ့ကို အရူးတစ်ပိုင်း လိုက်ရှာနေခဲ့ချိန်တွင် အစ်ကိုကတော့ တောင်ငူတွင် အေးဆေးစွာရှိနေခဲ့ပါလိမ့်မည်။ သုံးရက်ကြာသည်အထိလည်း အစ်ကိုသည် ကျွန်တော့်ဖုန်းများအား လျစ်လျူရှုထားဆဲ။

ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ဘက်ကသာ အလျှော့ပေးပါမည်ဟု ကတိပေးခဲ့သည့်အစ်ကိုသည် အမှန်တကယ်အလျှော့ပေးလိုက်ပါရန် လိုအပ်ခဲ့သည့်အချိန်မှာတော့ ကျွန်တော့်အား အကြောင်းပြချက်တစ်စုံတစ်ရာမပေးသွားခဲ့ဘဲ တစ်ယောက်တည်း ချန်ထားရစ်ခဲ့နိုင်လေသည်။

ကျွန်တော် မေ့နေခဲ့တာပဲ။

အစ်ကိုနဲ့ သော်မင်းဟန်ဟာ ညီအစ်ကိုအရင်းခေါက်ခေါက်ကြီးတွေ ဖြစ်နေခဲ့တာကို မေ့လျော့နေခဲ့မိခြင်း။

ပြဿနာတစ်ခုခုဖြစ်တိုင်း ထိပ်တိုက်ဖြေရှင်းဖို့ မကြိုးစားကြဘဲ ‌ထွက်ပြေးပုန်းရှောင်ဖို့ကိုသာ ရွေးချယ်တတ်ကြသည်ချည်း။

အမှန်တကယ်ဆိုလျှင် အစ်ကိုသည် ကျွန်တော်နှင့် ထိပ်တိုက်ဖြေရှင်းကာ နားလည်မှုယူဖို့သင့်ပါသည်။

ပြီးမှ အစ်ကို ကျွန်တော့်ကို လက်လျှော့ပစ်လိုက်ဖို့ကို ရွေးချယ်လို့ရပါတယ်..။ ထွက်သွားဖို့ကိုလည်း ရွေးချယ်လို့ရပါတယ်။

အကြောင်းပြချက်တစ်ခုကို လိုချင်သည်။ အစ်ကိုနှင့်ထိပ်တိုက်ဖြေရှင်းမည်။ ပြီးလျှင်တော့ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုများ ကျန်ရစ်ခဲ့မည်ကို တစ်ချက်ကလေးမှ ငဲ့မကြည့်ခဲ့သည့် အစ်ကို့ကို ကျွန်တော် မရ,ရအောင် မေ့ပစ်လိုက်မည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါTempat cerita menjadi hidup. Temukan sekarang