(၂၁)

802 97 23
                                    

Unicode

သော်၏အိပ်မက်ကလေးသည် များစွာ ခမ်းနားကြီးကျယ်လှသည်မဟုတ်ရပါ။ စုကို လက်ထပ်၍ စုနှင့်တူသော သမီးလေးတစ်ယောက်မွေးကာ ဘဝကို ‌အေးချမ်းစွာ ဖြတ်သန်းသွားလိုခြင်း ဖြစ်ကြောင်း တစ်ခါက သော် ပြောပြဖူးသည်။

ရင်နာစရာကောင်းသည်မှာ ချစ်ရသူနှင့်အတူ တောင်ပေါ်မြို့လေးတစ်မြို့တွင် ခွေးကလေးတစ်ကောင်မွေးရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသွားလိုသည့် ကျွန်တော့်၏ အိပ်မက်ပြည့်ဝစေရန်မှာ ချစ်ရသူနေရာမှာ သော့်အား မရှိမဖြစ်လိုအပ်ခဲ့ချိန်တွင် ကျွန်တော် ပါဝင်စရာ လုံးဝမလိုအပ်သော သော့်အိပ်မက်ကတော့ ကျွန်တော် စတုတ္ထနှစ်စာမေးပွဲ အောင်မြင်သွားချိန်တွင် ပြည့်ဝသွားခဲ့ပါသည်။

စုသည် သော် သိပ်လိုချင်ခဲ့သည့် သမီးကလေးကို မွေးဖွားပေးနိုင်ခဲ့ပါသည်။(ကျွန်တော် လုံးဝမစွမ်းဆောင်ပေးနိုင်သည့်အရာကို စုကသာ ပေးနိုင်သည်ဖြစ်ရာ စုအား များစွာအားကျသိမ်ငယ်ခဲ့ရပါသေးသည်။)

တစ်ချိန်က သိပ်ကိုကျဉ်းလွန်းသည်ဟု ထင်ခဲ့ဖူးသော တောင်ငူမြို့လေးသည် ကျွန်တော်နှင့်သော်အား ဖြတ်သွားဖြတ်လာ အနေအထားဖြင့်တောင် မတွေ့ဆုံနိုင်လောက်သည်အထိ မထင်မှတ်ထားစွာပင် ကျယ်ဝန်းခဲ့လေသည်။

အစ်ကို ပြ၍ သော့်သမီးကလေးအား ဓာတ်ပုံထဲတွင် တစ်ကြိမ်မြင်ဖူးပါသည်။ များစွာချစ်စရာကောင်းသော ကလေးမလေးပင်။ စုနှင့်တူ၍ထင်သည်၊ ဆံပင်ကလေးများမှာ ကောက်ကောက်ကွေးကွေးကလေးများဖြစ်သည်။ မျက်နှာပေါက်ကလေးက သော်နှင့် ခပ်ဆင်ဆင်ဖြစ်၏။ ကျွန်တော် မြင်ဖူးသော ဓာတ်ပုံထဲတွင် ထိုကလေးမလေးသည် အနှီးထုတ်ထဲတွင် ချိုမြိန်စွာ ပြုံးနေခဲ့သည်။ သော့်အပြုံးများနှင့် အတော်လေး ဆင်တူ၏။ သော်ဆိုလျှင် သူ့သမီးကလေးကို မည်မျှ ချစ်မဝဖြစ်‌ေနလိုက်ပါ့မလဲနော်။

"ညီညီကတော့ သူ့သမီးကို လက်ကနေကို မချဘူး၊ သူ့သမီးကို ကြည့်မဝလို့တဲ့လေ"

"အစ်ကိုလည်း အစ်ကို့တူမလေးကို တော်တော်ချစ်ပုံပဲနော်၊ wallpaper တောင် ထားထားတာဆိုတော့"

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါOpowieści tętniące życiem. Odkryj je teraz