Chapter 8

547 95 30
                                    



ဟန်ဘင်း အခန်းထဲဝင်လာချိန်မှာ တစ်ခန်းလုံးမှောင်မဲနေပြီး အိပ်ရာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသော ကျန်းဟာအိုကို တွေ့လိုက်ရသည်။ သူပဲ အပြင်က ပြန်လာလို့ထင်ပါရဲ့ အခန်းရဲ့ အအေးဓာတ်က တော်တော်အေးနေတာကို သတိထားမိပြီး ကျန်းဟာအိုက စောင်လည်းမခြုံထားပဲ ပုစွန်တုပ်လို ကွေးနေလေသည်။ ကျစ်! ဖျားနေတယ်ဆိုပြီး စောင်မခြုံထားပဲ ကွေးနေရအောင် အအေးပတ်ပြီး ပိုဆိုးသွားမှ သူ့အပြစ်ဖြစ်နေပေအုံးမည်။

နက်ကတိုင်ကို ဆွဲဖြုတ်ပြီး အပေါ်က ကုတ်ကိုပါ ချွတ်ကာ ခုံပေါ်တင်လိုက်ပြီးနောက် အခန်းမီးသွားဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ဘေးတစောင်းလေးအိပ်ပျော်နေတဲ့သူ။ ကုတင်အနားကိုလျှောက်သွားလိုက်ကာ ခြေရင်းကစောင်ကို ဆွဲယူပြီး ပုစွန်တုပ်လိုကွေးနေတဲ့ ခန္ဓာကိုယ်ပေါ်ကို ပုခုံးထိလုံအောင်ဆွဲခြုံပေးလိုက်သည်။ ကလေးလည်းမဟုတ်ဘဲ ဖျားနေတာကို ကိုယ့်ကိုကိုယ် ဂရုမစိုက်ရအောင် ခင်များက ဘယ်လိုလူလဲ။

ခါတိုင်းသတိမထားမိခဲ့တဲ့ ပါးပြင်တွေက မီးအလင်းရောင်အောက်မှာ ပိုပြီးနီရဲနေသလိုပဲ။ သူ့ရဲ့လက်တစ်ဖက်က နဖူးပေါ်ရောက်ခါနီးခါမှ အပိုအလုပ်တွေလို့တွေးမိသွားပြီး ချက်ချင်းပြန်ရုတ်မိလိုက်သည်။ ရင်ဘတ်ပေါ်က ခြုံပေးထားတဲ့စောင်ကိုသာ သေချာပြန်ခြုံပေးလိုက်ရင်း အနားကနေ လှည့်ထွက်လိုက်ချိန်မှာ

*ဟင်း....*

ကြားလိုက်ရတဲ့ ညည်းသံတိုးတိုးလေးက လှမ်းရမယ့်ခြေထောက်ကို ရပ်တန့်သွားစေသည်။ ကုတင်နားကိုပြန်ကပ်လိုက်ရင်း အိပ်ပျော်နေသူနား မျက်နှာကပ်ပြီးနားထောင်ကြည့်တော့ ဒီညည်းသံက ကျန်းဟာအိုဆီက ထွက်လာတာဖြစ်နေသည်။ နဖူးပေါ်ကို လက်ဖဝါးဖြင့်စမ်းကြည့်လိုက်တော့ ခြစ်ခြစ်တောက်အပူရှိန်က သူ့လက်ဖဝါးကို လာထိတွေ့လေသည်။

"ချမ်းတယ် မားမား.. ဖက်ထားပေးပါ"

မျက်လုံးမှိတ်ရင်း စကားတွေပြောနေသူက ခန္ဓာကိုယ်ပါ အခုထက်ပိုပြီး ကွေးလာတာမို့ ဟန်ဘင်းလည်း ဘာလုပ်ပေးရမလဲ မသိတော့။ နောက်ဆုံးမှာ သူဟာ စောင်ကိုလှပ်ပြီး သူပါစောင်ထဲကို ဝင်လိုက်ရသည်။ အေးစက်နေတဲ့ခန္ဓာကိုယ်ကို အချမ်းပြေစေရန်အလို့ငှါ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ပွေ့ဖက်ပေးလိုက်တော့ သူနဲ့အရပ်မကွာတဲ့ဒီလူက ဒီလိုကျတော့လည်း သူ့ရင်ခွင်ထဲကွက်တိကျနေသည်။

Let Me Love YouWhere stories live. Discover now