Chapter 9

470 88 17
                                    


အိပ်မယ်ဆိုပြီး ဝင်လာတဲ့အချိန်မှာ စားပွဲပေါ်မှာ စားပြီးသားစွပ်ပြုတ်ပန်းကန်ရှေ့ချပြီး ဖုန်းပြောနေသော ကျန်းဟာအိုကိုတွေ့လိုက်ရသည်။ ခိုးနားထောင်တယ်လို့မယူဆဘဲ ကိုယ့်လူဘယ်သူနဲ့ဘာပြောလဲ သိချင်လို့ တံခါးဘောင်ကိုမှီပြီး ပေါ်တင်နားထောင်လိုက်တော့ ဖုန်းပြောနေတဲ့သူက ဟိုတစ်ခါဘားမှာဆုံခဲ့ဖူးတဲ့သူဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

ဟက် အပိုတွေ။ အခုမှလာပြီး စိတ်ပူပေးနေရအောင် ကျန်းဟာအိုက သူ့ယောကျာ်းကျနေတာပဲ။ ဖုန်းပြောပြီးသွားတော့ ထိုလူက အခုမှ ဟန်ဘင်းကို မြင်သွားပုံရလေသည်။ လူတစ်ယောက်လုံးတံခါးဝမှာ ရပ်နေတာကို သတိမထားမိရလောက်အောင်ထိ ထိုမိတ်ဆွေနဲ့စကားပြောတာကို အာရုံထည့်ထားတာပဲ။

"မင်းမိတ်ဆွေက ဒီအချိန်ကြီးကို တကူးတကကြီး ဖုန်းဆက်ပြီး စိတ်ပူပေးရှာတာနော်... ရိုးရောရိုးရဲ့လား"

မေးလိုက်ပြီးတာနဲ့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မျက်စောင်းတစ်ခု။ ဆောင်းဟန်ဘင်းက ဒီမျက်စောင်းလောက်ကို ဂရုစိုက်မယ်ထင်နေတာလား။ ထိုလူအနားကိုလျှောက်သွားလိုက်ပြီး သူ့ကို မကျေမနပ်ကြည့်နေတဲ့ မျက်နှာလေးဆီ တိုးကပ်သွားလိုက်ရင်း ဘယ်ဘက်လက်ညိုးနဲ့လက်မကိုသုံးပြီး ကျန်းဟာအိုရဲ့ မေးဖျားကို ပင့်တင်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ သူ့ကို မော့ကြည့်လာလေတယ်။

"ဟင် မေးနေတာဖြေလေ ရိုးရောရိုးရဲ့လားလို့"

*ဖက်*

"ငါ့ကိုလွှတ်!! ငါတို့ကြားက ကိစ္စကို မင်းစိတ်ဝင်စားတာမှမဟုတ်တာ ဘာကြောင့် ရိုးလား မရိုးလား လာမေးနေတာလဲ"

"မင်းနဲ့ပတ်သက်ပြီး စိတ်မဝင်စားရင်တောင် မေးသင့်ရင် မေးရမှာပဲ။ ငါကမင်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှမသိဘဲ လက်ထပ်ခဲ့ရတဲ့ကောင်လေ။ မင်းတို့ရဲ့ ဇာတ်လမ်းတွေကြားမှာ ငါက ဗီလိန်ဖြစ်နေမှာစိုးလို့"

*ခွပ်*

"ရားးး ကျန်းဟာအို! မင်း ငါ့ကိုထိုးတယ်"

Let Me Love YouWhere stories live. Discover now