Chapter 2

507 85 55
                                    


ကျင့်သားရနေတဲ့မျက်လုံးတွေက ဒီနေ့မနက်လည်း သစ္စာမပျက်အစောကြီး နိုးထလာလေသည်။ မနိုးတနိုး အခြေအနေမှာ သူ့ခါးပေါ်က တင်းကျပ်တဲ့လက်တစ်စုံကြောင့် အသိစိတ်တွေကို စုစည်းပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာနဲ့ထိကပ်နေတဲ့ ရင်ဘတ်ကြောင့် လန့်ပြီးချက်ချင်း နောက်ဆုတ်လိုက်ချင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူနိုးမှာ စိုးတာကြောင့် မလှုပ်လည်း မလှုပ်ရဲပေ။ သူ့ခါးကို တင်းကျပ်စွာဖက်ထားတဲ့ ဆောင်းဟန်ဘင်းရဲ့လက်တစ်ဖက်ကြောင့် သူဟာ ဟန်ဘင်းရင်ခွင်ထဲကို တစ်ကိုယ်လုံးရောက်နေခဲ့တဲ့ အခြေအနေ။ ညတုန်းက သူတို့နှစ်ယောက်အိပ်တုန်းက ကြားထဲမှာ သူကိုယ်တိုင် ဖက်လုံးထားခဲ့တာကို ဖက်လုံးက ဘယ်ရောက်သွားတာလဲ။

ဒီပုံစံနဲ့သာ ဆောင်းဟန်ဘင်းသာ နိုးလာခဲ့ရင် အထင်လွဲစရာတွေဖြစ်ပြီး သူ့ကို ပြောဆိုနေအုံးမယ်မဟုတ်လား။ သက်ပြင်းကို အသာချပြီး ခါးပေါ်က ဟန်ဘင်းရဲ့လက်ကို အသာရွေ့ဖယ်လိုက်တော့ အိပ်ပျော်နေသူက အနည်းငယ်လှုပ်လာရင်း ပက်လက်အနေအထားကို ပြောင်းသွားလေသည်။ နိုးသွားပြီဆိုတဲ့အထင်နဲ့ ဟာအိုဟာ မျက်လုံးတွေစုံမှိတ်ပစ်လိုက်ပပေမယ့် အိပ်မောကျနေသူက ပက်လက်အနေအထားနဲပဲ ပြန်လည်အိပ်ပျော်သွားလေရဲ့။

ဟန်ဘင်းရဲ့ လက်တွေကနေ လွတ်မြောက်သွားချိန်မှာ ဟာအိုဟာ ချက်ချင်းထထိုင်လိုက်ပြီး အနောက်ပါ နည်းနည်းဆုတ်လိုက်မိသည်။ အိပ်ပျော်နေသူကို သေချာကြည့်မိတော့ နက်ပြာရောင်ညအိပ်ဝတ်စုံရဲ့ V shape လည်ပင်းပုံစံကြောင့် ဟန်ဘင်းရဲ့ ညှပ်ရိုးနှစ်ခုကြားက တက်တူးသုံးခုကို လှစ်ဟပြထားသလိုဖြစ်နေလေသည်။ ပုံမှန်ဆို စူးရှတဲ့ မျက်လုံးတွေက အိပ်ပျော်နေချိန်မှာတော့ မျက်ခွံတွေနဲ့ ပိတ်ထားခြင်းခံရပြီး မျက်တောင်ရှည်တွေက မျက်နှာပေါ်မှာ ထင်းနေလေသည်။ တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းပါးတို့က ဆေးလိပ်တွေသောက်တတ်တဲ့ ပိုင်ရှင်ကြောင့် မနီဘဲ ညိုတဲ့ဘက်ကို သန်းနေလေသည်။ ထိုနှုတ်ခမ်းပါးတွေနဲ့ လူပေါင်းများစွာကို ပြတ်ပြတ်သားသားပြောပြီး စီးပွါးရေးလောကကို ကြီးစိုးနေတဲ့ ဆောင်းဥက္ကဌဟာ အခုလို အိပ်ပျော်နေတော့လည်း ကလေးလေးတစ်ယောက်လိုပဲ ဖြူစင်လွန်းလှတယ်။

Let Me Love YouWhere stories live. Discover now