"မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြှောက်ကြောင်း ကြေငြာအပ်ပါတယ်ခင်ဗျာ"သောင်းသောင်းဖျဖျလက်ခုပ်သံတွေကို လျစ်လျူရှူချန်ထားခဲ့ပြီး ဟန်ဘင်းဟာ ခန်းမထဲကနေ ထွက်လာခဲ့လိုက်သည်။ ပွဲထဲမှာ တစ်ယောက်တည်းကျန်ခဲ့သူကိုတော့ နှစ်ဖက်ဆွေမျိုးအကုန်လုံးက ဂရုစိုက်ပေးကြမှာမို့ စိတ်ပူစရာမလို... ဂရုမစိုက်ပေးလည်း ဟန်ဘင်းအပူမဟုတ်ဘူးလေ... ဒါကသူကြည်ကြည်ဖြူဖြူလက်ခံခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှမဟုတ်တာ။
ဟန်ဘင်းဘက်က တစ်ဦးတည်းကျန်နေတဲ့ အဖွားရဲ့ကျန်းမာရေးကြောင့် မငြင်းနိုင်လို့လက်ခံခဲ့ရတယ်ဆိုရင်တောင် တစ်ဖက်လူက ငြင်းလို့ရတဲ့ အနေအထားမှာ ဘာကြောင့် ကြည်ကြည်ဖြူဖြူခေါင်းငြိမ့်ခဲ့ရတာလဲ။ အဟက်! မထူးဆန်းပါဘူး... စီးပွါးရေးလောကမှာ စီးပွါးရေးဆန်တဲ့ နောက်ထပ်မင်္ဂလာပွဲတစ်ပွဲတိုးလာတယ်ပဲ မှတ်ယူလိုက်ပါတယ်။ သူ့မိဘတွေ၊ သူ့အသိုင်းအဝိုင်းတွေအကုန်လုံးက ဘာလို့ ထိုလူမှ ထိုလူဖြစ်နေခဲ့တာလဲဆိုတာရဲ့နောက်မှာ ကျိကျိတက်ချမ်းသာတဲ့ ကျန်းမိသားစုနောက်ခံနဲ့ သူတို့ရဲ့ လက်ညိုးထိုးမလွဲ ကျန်းမိသားစုပိုင် စီးပွါးရေးလုပ်ငန်းတွေကြောင့်ဆိုတာ သူမသိချင်ယောင်ဆောင်နေလို့မှမရခဲ့တာ။
အဲလိုပြောလို့ ဆောင်းလုပ်ငန်းစုက အခြေအနေမကောင်းနေတာမဟုတ်... ကျန်းလုပ်ငန်းစုနဲ့ တန်းတူ စီးပွါးရေးလောကမှာ ခြေဆန့်ထားနိုင်ခဲ့တာပဲလေ.. မတူတာကတော့ ကျန်းလုပ်ငန်းစုရဲ့ ဆက်ခံသူက စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်မဟုတ်ဘဲ အနုပညာနဲ့ပတ်သက်တဲ့အလုပ်တစ်ခုလုပ်နေခဲ့တာပဲ။ ဒါတွေကြောင့်မို့ ကျန်းလုပ်ငန်းစုက ဆောင်းလုပ်ငန်းစုနဲ့ စီးပွါးပေါင်းချင်ခဲ့တာလို့ပဲ ဟန်ဘင်းက တွေးမိတယ်။
*ကျန်းဟာအို... အကုန်လုံးက မင်းကြောင့်ပဲ*
ကားပေါ်ရောက်တော့ Necktie ကိုဖြေလျော့လိုက်ရင်း ဒီနေ့ပွဲကိုကားလိုက်မောင်းပေးတဲ့ သူငယ်ချင်းဖြစ်သူ ထယ်ရယ်အား သူတို့ကိုလက်ဖွဲ့ထားတဲ့ အိမ်ဆီကို ပြန်ပို့ပေးဖို့ပြောတော့