ချမ်းမြှေ့နိုးလာရင် တစ်ခုခုစားဖို့ ခေါက်ဆွဲကိုသာ ကြက်ဥနှင့်ပြုတ်ပေးလိုက်သည်။ကြက်သားကတော့ ညကအမြည်းလုပ်ပစ်လိုက်တာမို့မရှိတော့ပေ။ခေါက်ဆွဲပြုတ်ပန်းကန်လေးအားသယ်လို့ ဝေယံအခန်းထဲဝင်သွားလိုက်၏။ကုတင်ထက်အိပ်မောကျနေသော ချမ်းမြှေ့ပုံစံလေးကတကယ်ကိုအေးချမ်းလွန်းလှပါသည်။
"ချမ်းမြှေ့...ထ ထ....တစ်ခုခုထစား"
ဝေယံနှိုးတော့ အင်းအဲသာအသံပြုလို့ နိုးမလာ။
"ဟေ့ကောင်...ထပါဆိုကွာ...ခေါက်ဆွဲပြုတ်တွေပွကုန်မယ်ဟ"
နောက်တစ်ကြိမ်လက်မောင်းကနေကိုင်ကာ နှိုးတော့မှထတော့၏။
"ဟာ...ဖြည်းဖြည်းထလေကွာ...အောက်ပိုင်းကတစ်ခုခုနာသွားပါဦးမယ်"
ဝေယံစကားမှာ ချမ်းမြှေ့ကမျက်နှာကလေးရဲသွားလေသည်။
"ရတယ်ဝေယံ...ဒီနာကျင်မှုလောက်ကတော့ ငါနေသားကျနေပါပြီ"
"ငါကတော့မင်းကိုဂရုစိုက်ရမယ့်တာဝန်ရှိတယ်ချမ်းမြှေ့...ပြီးရင်ဆေးလိမ်းပေးမယ်...ဆေးလည်းသောက်ရမယ်"
"အေးပါဟ"
သာမာန်ယောကျာ်းနှစ်ယောက်ကြား ဒါမျိုးကိစ္စတွေက ပွင့်ပွင့်လင်းလင်းသာပြောဖြစ်သလို နည်းနည်းလောက်ရှက်တာကလွဲ၍ တအားကြီးလည်းအရှက်အကြောက်ကြီးမနေပါ။
"ဝေယံ"
ချမ်းမြှေ့ခေါ်တော့ ဝေယံကပါးစပ်ထဲရောက်နေတဲ့ခေါက်ဆွဲအား အရင်ဝါးကာမြိုချလိုက်သည်။
"ပြောလေချမ်းမြှေ့"
"အခုကငါတို့ရည်းစားတွေဖြစ်သွားကြပြီပေါ့နော်"
"အင်း..အခုကတော့ရည်းစားတွေပေါ့...ဒါပေမဲ့ငါမင်းကိုယူမှာချမ်းမြှေ့...ငါမင်းကိုလက်ထပ်မှာ"
ဝေယံစကားကိုချမ်းမြှေ့ကရယ်သည်။
"ဒါပေါ့...မင်းငါ့ကိုယူကိုယူရမှာပေါ့...စားပြီးနားမလည်ဝါးပြီးထွေးထုတ်တာမျိုးတော့ ချမ်းမြှေ့အောင်ကိုလာမလုပ်နဲ့"
ချမ်းမြှေ့ဆိုတော့ဝေယံကရယ်ပြန်သည်။
ချမ်းမြှေ့ကခေါက်ဆွဲတစ်လုပ်ကိုပါးစပ်ထဲထည့်လိုက်ကာ အရသာခံ၍သေချာစားနေလေသည်။
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"