အပိုင်း(၂၆)Unicode

271 15 0
                                    

"မင်းငါ့ကိုအဲ့လောက်တောင်သဘောကျလား"

မနက်ဆိုင်ဖွင့်ချိန်ဆို ချမ်းမြှေ့ကဝေယံကိုကူပြီးလုပ်ကိုင်ပေးသလို ညဘက်ဆိုင်ပိတ်ချိန်တွေဆိုရင်လည်း ချမ်းမြှေ့ကတိုက်ခန်းဆီမပြန်ပါဘဲ ဝေယံရဲ့ဆိုင်၌သာ စကားတွေပြောဖြစ်ရင်း အချိန်ဖြုန်းတတ်ကြသည်။ပြောစရာစကားတို့ကလည်း မကုန်နိုင်မခမ်းနိုင်လောက်အောင်ကိုပင်။ထိုသို့ဆိုလေတော့ ချစ်ခြင်းမေတ္တာတို့သည်လည်း ထိုအတိုင်းပင်မဟုတ်လား။

သမုဒ္ဒရာတွေက​​နေစလို့ စကြဝဋ္ဌာတွေကဲ့သို့အဆုံးအစမဲ့ကာ အချိန်တမ်းချစ်ခြင်းတရားတို့သာတိုးတိုးလာလေသည်။မနက်ဖြန်ဆိုတာရှိနေသ၍ အချစ်တို့ဟာလည်းတိုးရပြန်ပါသည်။

ဝေယံကဆိုင်တစ်ဆိုင်လုံးသန့်ရှင်းရေးသေချာလုပ်နေရင်းမှ ချမ်း​မြှေ့က ပန်းချီကားကြီးရှေ့မတ်တပ်ရပ်ရင်းဆိုလိုက်လေသည်။

ထိုအခါ စားပွဲသုတ်နေတဲ့ဝေယံကချမ်းမြှေ့ဆီလှမ်းကြည့်သည်။

"ကောင်းကင်မှာကြယ်တွေဘယ်နှလုံးတောင်ရှိမယ်ထင်လဲချမ်းမြှေ့"

ဝေယံအမေးစကားကြောင့် ချမ်း​မြှေ့ကပန်းချီကားဆီမှအကြည့်ခွာရင်း ဝေယံဆီလှည့်ကြည့်လာသည်။အကြည့်ချင်းဆုံသွားခိုက် ဝေယံကမလှုပ်မယှက်။

"ဒါဆိုသမုဒ္ဒရာထဲကရေတွေကဘယ်လောက်တောင်များမယ်လို့မင်းထင်လဲဝေယံ"

ချမ်းမြှေ့ကအမေးကိုအမေးဖြင့်တုန့်ပြန်သည်။

"အဆုံးအစမဲ့တယ်လို့ငါထင်တယ်...ငါမင်းပေါ်ထားတဲ့မေတ္တာလိုမျိုးအဆုံးအစမဲ့တယ်"

ဝေယံအဖြေကိုချမ်းမြှေ့ကသဘောကျကာ နှစ်နှစ်ခြိုက်ခြိုက်သွားတန်းများပေါ်သည်အထိကိုပြုံးသည်။

"မင်းအချစ်ကစကြာဝဋ္ဌာထဲကကြယ်တွေဆို၊ငါ့အချစ်တွေကတော့ သမုဒ္ဒရာထဲကရေတွေလိုမျိုးပဲပေါ့....အဆုံးသတ်မှာရလဒ်ကအတူတူပဲလေ"

ရေတွက်၍မရနိုင်တဲ့အရာတွေထဲ ချစ်ရသူအပေါ်ထားသည့်ချစ်ခြင်းမေတ္တာကတို့က ပိုလို့ပင်အလေးသာခဲ့လေသည်။

"ချိုနဲ့တစ်ခါတစ်ခါတွေ့ဖို့တောင်မလွယ်တော့ဘူးသိလား"

ဟုတ်ပါသည်။ချိုကအခုဆိုအောင်မြင်တဲ့modelတစ်ယောက်အဖြစ်ရဲရဲဝင့်ဝင့်ကိုလူလောကအလယ်တောက်ပနိုင်ပြီဖြစ်သည်။နွံနစ်နေတဲ့ပတ္တမြားတစ်ခုမို့ အစကတည်းကသူမမှာကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးတို့အပြည့်အဝရှိပါသည်။မသန့်စင်ရသေးခင်အချိန်ခဏအတွင်းမှာသာ တန်ဖိုးမရှိဘူးဟုထင်ရပေမဲ့ သန့်စင်သူကသေချာတောက်ပြောင်ဖို့ အထပ်ထပ်သွေးနေတာမို့ ထိုပတ္တမြားလေးက ပို၍ပင်တလတ်လတ်နှင့်တောက်ပြောင်လို့နေပါသည်။

"ချိုကလူရွေးမှန်သွားတယ်နော်"

ချမ်းမြှေ့ကပြောတော့ ဝေယံကခေါင်းညိတ်ပြသည်။

"ငါလောက်တော့မှန်မယ်မထင်မိဘူး...မင်းနဲ့တွေ့ဆုံခွင့်ပေးတဲ့ကံကြမ္မာကိုငါထပ်တလဲလဲကျေးဇူးတင်မိတယ်သိလား...ငါရဲ့မြူတစ်မှုန်စာတောင်မရှိတဲ့ဖြစ်တည်မှုမျိုးကို မင်းကတန်ဖိုးထားပေးလို့ မင်းကိုလည်းငါကျေးဇူးတင်တယ်ဝေယံ"

ဝေယံကချမ်းမြှေ့ကိုအမြတ်တနိုးငေးကာကြည့်နေသည်။ဤမျက်ဝန်းတွေအပေါ်စပြီးငြိတွယ်မိကတည်းက ထာဝရအတွက်ရည်ရွယ်ပြီးငြိတွယ်ခဲ့တာမို့ အဆုံးထိကိုငါကတော့မင်းမှမင်းပဲချမ်းမြှေ့။

"ချိုကမေးနေတယ်သိလား...ငါတို့ဘယ်အချိန်လက်ထပ်ကြမှာလဲတဲ့"

"မင်းကဘယ်လိုဖြေလိုက်လဲချမ်းမြှေ့"

"ငါတို့တွေအရမ်းကိုမေတ္တာမျှနေကြတယ်လို့ဖြေလိုက်တယ်"

ချမ်းမြှေ့ကရယ်ရင်းဆိုတော့ ဝေယံကပါလိုက်ရယ်သည်။တစ်မနက်လုံးဆိုင်မှာပင်ပန်းရသမျှ ဆိုင်ပိတ်ချိန်၌ ထိုသို့ကျီစယ်ကြရင်း မေတ္တာမျှကြပြန်သေးသည်။

အချစ်ကတကယ်ပဲပင်ပန်းမှုတို့အား ကုစားပေးတဲ့ဆေးများလား။ချစ်ရသူမျက်နှာလေးငေးကာကြည့်လိုက်ရင် ပင်ပန်းမှုတို့ပျောက်နိုင်တယ်ဆိုတာဟာ အလကားဖွဲ့နွဲ့ထားတာမဟုတ်မှန်းဝေယံသဘောပေါက်ခဲ့သည်။ချမ်းမြှေ့မျက်နှာလေးငေးကြည့်နေရချိန်၊ချမ်းမြှေ့အပြုံးတို့မြင်ရချိန်၊ချမ်းမြှေ့မျက်ဝန်းတို့အားငေးမောနေရချိန်တို့သည် အမောပြေစေနိုင်သည့်အချိန် တစ်နည်းအားဖြင့် ချမ်းမြှေ့သည်သူ့အတွက်တော့အမောပြေဆေးလေးဖြစ်ပေမည်။

"ဘာဆိုင်လို့လဲကွာ"

လပ်ထပ်မှမြဲမယ်ဆိုရင် ဒါဟာအချစ်ဆိုတာထက် ချုပ်နှောင်ခြင်းလို့သူယူဆမည်။မင်းကိုလည်းငါယုံသလို မင်းကလည်းငါ့ကိုယုံကြည်ရမယ်ဝေယံ။လက်ထပ်ခြင်းမရှိလဲငါတို့အချစ်ကမြဲတယ်၊ချုပ်နှောင်ခြင်းမရှိလည်းငါတို့အချစ်ကမြဲတယိ။ကြိုးမပါတဲ့စွန်နဲ့အသွင်သဏ္ဌာန်တူပေမဲ့ ငါတို့ကကြိုးမပါလည်းမြဲတယ်ဆိုတဲ့အကြောင်း ငါသိစေချင်တယ်ဝေယံ။

☁☁☁☁☁

မအားတာနဲ့ပိစိလေးနောက်ကျသွား

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now