(3)

5.3K 89 0
                                    

Unicode

ညိမ်းတစ်ယောက် အကြွေးဆပ်ဖို့ ငွေအလုံအလောက်ရပြီမို့ မြူးထူးစွာပင် အိမ်သို့ပြန်လာခဲ့သည်။မနက်ဖြန်ကျရင်တော့ မမချေးထားတဲ့အကြွေးရှင်ဆီ ငွေသွားပေးရမည်။

အဲ့လိုဆို တစ်ပူတော့အေးသွားရပြီ။ဟိုနေဝင်ဆည်းဆာဆိုတဲ့မင်းသားနဲ့ သွားအိပ်ပေးရမဲ့ကိစ္စပဲကျန်တော့ပြီ။ထိုကိစ္စကတော့ တခြားဘယ်သူမှသိလို့မဖြစ်။

အထူးသဖြင့်အမေ။

ဣန္ဒြေသိက္ခာကြီးမားတဲ့အမေက သူမငတ်သေရင်သေသွားပါစေ။အိမ်အပေါင်ဆုံးလို့ သူမနှလုံးအမောဖောက်ရင်ဖောက်သွားပါစေ ဒီလိုပြည့်တန်ဆာအလုပ်မျိုးကိုတော့ လုံးဝလုပ်ခွင့်ပြုမှာမဟုတ်။

အမေသာသိရင် အိမ်အပေါင်ဆုံးတာထက်ကို နှစ်ဆပိုဆိုးလိမ့်မည်။သို့ပေမဲ့လည်း သူသာ သိုသိုသိပ်သိပ်နေတတ်ရင် သိစရာအကြောင်းမရှိတာမို့ သိပ်တော့စိတ်မပူပါ။

''ဟင် အိမ်တံခါးကြီးကလည်း သော့ခတ်ထားလို့ အမေဘယ်သွားနေလဲမသိဘူး''

ညိမ်းတို့အဖေရှိစဥ်အခါက ညိမ်းတို့မိသားစုက ငွေကြေးအတော်ချောင်လည်ခဲ့ပြီး အိုးပိုင်အိမ်ပိုင်ဘဝနဲ့ သူတို့မိသားစုက ပျော်ရွှင်စရာတွေနဲ့သာ
ပြည့်နှက်ခဲ့သည်။

အဖေဆုံးတော့ အမေက သားသမီးနှစ်ယောက်နဲ့ အတူရုန်းကန်ပေမဲ့ မပြေလည်နိုင်ပဲ ရှိသမျှအကောင်းစားပစ္စည်းတွေကို တစ်စ တစ်စ ပေါင်နှံရောင်းချရင်း ဘဝကို အဆင်ပြေသလိုရှေ့ဆက်ခဲ့ရာ အခုဆို အိမ်လေးတစ်လုံးပိုင်ရုံကလွဲ တခြားဘာမှကြီးကြီသမားမားပိုင်ဆိုင်ထားရတာမရှိတော့ပေ။ဒါကို မသိတတ်တဲ့မမက အိမ်ကို ပေါင်ထားလိုက်တော့ သူတို့ဘဝက အခုဆို လမ်းဘေးရောက်မည့်အခြေအနေကို ဦးတည်နေပြီဖြစ်သည်။

''သားညိမ်း ပြန်လာပြီလား''

ဘေးအိမ်က အန်တီအေးမာက ဘယ်ကပြန်လာသည်မသိ။သူ့ကိုတွေ့တော့ ခြံအပြင်ကနေမေးလိုက်တာဖြစ်သည်။သူမပုံစံက ရေးကြီးသုတ်ပြာနဲ့ တစ်ခုခုပြောချင်နေသည့်ပုံပင်။

''ဟုတ်အန်တီ ဒါနဲ့အိမ်တံခါးက သော့ခတ်ထားလို့ အမေဘယ်သွားလဲဆိုတာ အန်တီသိလားဗျ''

နီးစပ်ခွင့်ပြုပါWhere stories live. Discover now