(7)

3.4K 107 12
                                    

Unicode

နောက်နေ့မနက်ရောက်တော့ ညိမ်းတစ်ယောက် အစောကြီးထကာ ရေမိုးချိုးအဝတ်ထားလဲပြီးနောက် မနက်စာအတွက် အလွယ်ပြုလုပ်လို့ရတဲ့ မာမားတစ်ထုပ်ကိုသာ ပြုတ်စားလိုက်သည်။စားပြီးနောက် ဘော့စ်ရဲ့ဒါရိုက်ဘာကိုထူးအလာကို ထိုင်စောင့်နေလိုက်သည်။

''တီ တီ''

များမကြာမီပင် ကားကရောက်လာပြီး ညိမ်းလည်း အိမ်တံခါး ခြံတံခါးကိုသေချာသော့ခတ်ကာ ထွက်လာခဲ့သည်။ဟိုအိမ်မှာ နေရ မနေရကတော့ ဟိုဘက်ကအလုပ်ရှင်နဲ့ အရင်ဆွေးနွေးပြီးမှ စီစဥ်တော့မည်။အခုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သာ အရင်သွားလိုက်သည်။

ဟိုအိမ်ကိုရောက်တော့ အလုပ်သမားဟူ၍ ခြံစောင့်တစ်ယောက်သာရှိပြီး အိမ်ကတော့ လူသူမနေတဲ့အိမ်လို ခြောက်ကပ်ကပ်နဲ့။အိမ်အကူလုပ်ရမယ်ဆိုတော့ သူထင်တာက မိသားစုဝင်များမယ်ဟူ၍။

''ရောက်လာပြီလား''

ဟိုငေးဒီငေးနဲ့ကြည့်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့် ညိမ်းရုတ်တရပ် မတ်တပ်ပင်ထရပ်လိုက်မိသည်။

ဒီအသံကို မမှတ်မိစရာအကြောင်းမှမရှိပဲ။

တဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်တော့ မင်းသားနေဝင်ဆည်းဆာက လှေကားပေါ်ကနေ မိန့်မိန့်ကြီးဆင်းလာနေပြီး သူ့ကိုလည်း ခပ်ထေ့ထေ့ပြုံးပြနေလေသည်။

ထိုသို့ခပ်ထွေထေ့ပြုံးနေတာတောင် ချောမောတဲ့မျက်နှာက ကြည့်ရဆိုးမသွားပဲ ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိနေသလိုလို။ဒါကြောင့်လည်း မင်းသားနေဝင်ဆည်းဆာဆိုတာ မိန်းကလေးပရိသတ်တွေကြား ဟိုလေးတကျော်ကျော်နဲ့ သိပ်ကိုရေပန်းစားနေရတာပေါ့လေ။

အခုချိန်မှာတော့ ညိမ်းရင်တစ်ခုလုံး ဝုန်းဒိုင်းကြဲလာပြီး ကြောက်စိတ်တို့ကြောင့် ကြက်သီးတွေ တဖြန်းဖြန်းထနေတော့သည်။

''ဘယ်လိုလဲ သိပ်မှအံ့သြသွားရဲ့လားညိမ်းဇေသော်''

ခေါ်ချလိုက်တဲ့နာမည်ကြောင့် သူ့မျက်ဝန်းတွေပြူးရပြန်သည်။သူကမိန်းကလေးလိုနေနေပေမဲ့ ဒီလူက မှတ်မိနေတာလား။ယောကျ်ားလေးပုံစံနေတုန်းကနဲ့ မိန်ကလေးပုံစံနေတာက နည်းနည်းမှ ရုပ်မတူဘူးလို့ အမေခဏခဏပြောနေကြပါ။သူကဘယ်လိုလုပ်မှတ်မိသွားရတာပါလိမ့်။

နီးစပ်ခွင့်ပြုပါWhere stories live. Discover now