Unicode
''အဟမ်း!''
မီးဖိုခန်းမှာ မနက်စာပြင်နေတုန်း အနောက်ကနေ ချောင်းဟန့်သံကြောင့် ညိမ်းလှည့်ကြည့်လိုက်တော့ နေဝင်ဆည်းဆာဖြစ်နေ၏။
ညိမ်းက ရူးကိုရူးတာ။ဒီအိမ်မှာ လူသုံးယောက်ပဲရှိတာ။ဦးဝင်းက အပြင်မှာနေတာဆိုတော့ သူကလွဲ ဘယ်သူရှိမှာမို့လို့လဲ။
''မင်းနိုးလာပြီလား''
''အင်း မနက်စာဘာလုပ်ထားလဲ''
''အုန်းနို့ခေါက်ဆွဲလုပ်ထားပေးတယ် မင်းကြိုက်မလားတော့မသိဘူး''
''အဆင်ပြေသားပဲ ခင်ဗျားပါ တစ်ခါတည်းဝင်စားလိုက်လေ''
''တော်ပါပြီ ငါလုပ်စရာလေးရှိသေးလို့''
''ရှည်လိုက်တာ အဲ့တာတွေနောက်မှလုပ် အခုကျုပ်နဲ့အတူ မနက်စာဝင်စား''
''အင်းပါ''
အိမ်ကြီးရှင်က ခေါ်နေတော့လည်း တအားငြင်းမကောင်းတော့ ညိမ်းသူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်း အုန်းနို့ခေါက်ဆွဲကို စတင်မွှေလိုက်သည်။
''မင်းမစားဘူးလား ငါ့လက်ရာမကြိုက်ဘူးလားဟင်''
အတန်ကြာသည်အထိမစားပဲ ညိမ်းကိုပဲ စိုက်ကြည့်နေတာကြောင့် မကောင်းဘူးထင်ပြီး ညိမ်းမေးမိသည်။ညိမ်းက ထမင်းဟင်းချက်တတ်ပေမဲ့ အရသာကောင်းအောင်တော့ သိပ်မချက်တတ်တာမို့ စိုးရိမ်နေရခြင်းဖြစ်သည်။
''ကောင်းတယ်''
''ဪ အင်း ကောင်းရင်များများစားနော် အိုးထဲမှာလည်း အများကြီးကျန်သေးတယ် မင်းစားလို့မဝသေးရင် ငါထပ်ချက်ပေးလို့ရပါတယ်''
''ရွဲ့နေတာလားခင်ဗျား''
''မဟုတ်တာ ငါကမင်းကိုများများစားစေချင်လို့ပါ''
မျက်ထောင့်နီကြီးနဲ့ စူးစိုက်ကြည့်နေတော့ ညိမ်းအလိုလိုနေရင်း ပါးစပ်ပိတ်သွားရသည်။
''ဒီည အခန်းထဲပြောင်းလာခဲ့''
''ဟမ် ဘယ်အခန်းလဲ''
''တုံးလိုက်တာ ဘယ်အခန်းရှိရမှာလဲ ကျုပ်အခန်းပေါ့''
''ဘာ ဘာလို့ ငါကမင်းအခန်းထဲ လာနေရမှာလဲ ရူးနေလား''
YOU ARE READING
နီးစပ်ခွင့်ပြုပါ
RomanceStart - 3.11.2024 (Sun) End - ? Crd All Photos (From Pinterest)