Unicode
''ကျွီ!''
ကားရပ်သံကြောင့် ညိမ်းတစ်ယောက် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ညိမ်းဒီအိမ်ကိုရောက်နေတာ တစ်ပတ်ကြာပြီဖြစ်သည်။တစ်ပတ်အတွင်း ညိမ်းအတွက် ထပ်မံတိုးလိုက်သည့်အလုပ်က သူပြန်လာချိန်တိုင်းက ညိမ်းက အိမ်ရှေ့ထွက်ကြိုပေးရမည်ဟူ၍။
''မင်းပြန်ရောက်လာပြီလား''
''အင်း''
အသံပြုချက်နှင့်အတူ တစ်ဖက်ကိုသွားကာ ကားတံခါးသွားဖွင့်ပေးသည်။
နေဝင်ဆည်းဆာလိုလူကတောင် ကားတံခါးသွားဖွင့်ပေးရလောက်အောင်ထိ တစ်ဖက်လူက ဘယ်လောက်ကြီးကျယ်မြင့်မြတ်နေလို့လဲ။
ချောက်ခနဲအသံနဲ့အတူ ကားပေါ်ကနေဆင်းလာသည်က ခပ်ချောချောအမျိုးသမီးတစ်ဦး။ထိုအမျိုးသမီးသည် နေဝင်ဆည်းဆာနဲ့ဘယ်လိုပက်သက်ပါသလဲ။
ကာကီရောင်ပန့်အရှည်ကို အစိမ်းဖျော့ရောင်အင်္ကျီနဲ့တွဲဝတ်ထားသည်မှာ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ထိုအမျိုးသမီးနဲ့လိုက်ဖက်စွာပင်။ဝိုင်နီရောင် ဆံနွယ်တို့ကလည်းအသားဖြူဖြူနဲ့လိုက်ဖက်စွာ။မပြုံးမရယ်ပဲ ခပ်တည်တည်မျက်နှာထားက အရှိန်အဝါတစ်ခုကိုလည်း ရစေသည်။
အားလုံးကို ခြုံငုံပြောရလျှင် ထိုအမျိုးသမီး၏အလှသည် အများတကာပြောပြောနေကျ အရမ်းလှပါတယ်ဆိုတဲ့ညိမ်းရဲ့အလှပင် ထိုအမျိုးသမီး၏အလှအောက် မှေးမှိန်သွားရသည်။
''မ ဒါကျွန်တော်ပြောတဲ့အိမ်အကူဆိုတဲ့တစ်ယောက် နာမည်က ညိမ်းဇေသော်တဲ့''
ထိုအမျိုးသမီးဟာ သူ့နာမည်ကြားတော့ တစ်ခဏမျှ အံ့သြသယောင်ပြသွားပေမဲ့ ချက်ချင်းပြန်တည်သွားသည်။
''နာမည်ကယောကျ်ားဆန်တယ်နော်''
''ထားလိုက်ပါမရာ လာ အိမ်ထဲဝင်ရအောင်''
နေဝင်ဆည်းဆာက သူ့ကိုမရှိတဲ့လူလိုသဘောထားပြီး ထိုအမျိုးသမီးရဲ့လက်ကို ဆွဲကာ အိမ်ထဲဝင်ချသွားလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ညိမ်ရင်းဘတ်တွေ အောင့်လာသလိုခံစားရသည်။ဘာကြောင့်အဲ့လိုဖြစ်သလဲတော့ ညိမ်းမသိပေမဲ့ ညိမ်းတကယ်ကိုဝမ်းနည်းပါသည်။
YOU ARE READING
နီးစပ်ခွင့်ပြုပါ
RomansaStart - 3.11.2024 (Sun) End - ? Crd All Photos (From Pinterest)