(5)

2.7K 71 0
                                    

Unicode

ငါးနှစ်ခန့်ကြာသော်...

''အန်ကယ်လေး''

အလုပ်တွေလုပ်နေတုန်း တူတော်မောင်ဖြစ်သူက ရုံးခန်းထဲဝင်လာသည်။နိုင်ငံကျော်မင်းသားဖြစ်နေပြီဆိုသော်လည်း မိသားစုဝင်တွေနဲ့ဆို အခုထိ ကလေးလိုလို ခွေးလိုလိုဖြစ်နေတုန်းပင်။

''တူလေးလာကွာ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ''

''ဒီနေ့ရှုတင်နားလို့လေ အန်ကယ်လေးနဲ့လည်း မတွေ့ရတာကြာလို့လာခဲ့တာ ဘာလဲ အန်ကယ်လေးက ကျွန်တော်လာတာကို မကြိုက်လို့လား''

''မဟုတ်တာကွာ ကိုယ့်တူလေးလာတာပဲ အန်ကယ်လေးက ဘာမကြိုက်စရာရှိလဲ မလာတာကြာလို့ အခုလိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတော့ ကိစ္စများရှိမလားဆိုပြီး မေးကြည့်တာပါ ဒါနဲ့ဘာသောက်မလဲ အပူလား အအေးလား''

''အင်း အအေးပဲလုပ်လိုက်ပါ သိတယ်မလား ပူတာတွေ သိပ်မကြိုက်ဘူး''

''ဟားဟား အေးပါကွာ''

''ဘော့စ်''

တူဝရီးနှစ်ယောက် စကားကောင်းနေတာ ဝန်ထမ်းတစ်ယောက်ရဲ့ ခေါ်သံကြားတော့မှ နှစ်ယောက်စလုံး လှည့်ကြည့်မိကြတော့သည်။

''ဪ သမီးညိမ်း''

''တံခါးမခေါက်ပဲဝင်လာမိတာ တောင်းပန်ပါတယ်ဘော့စ်''

''ရပါတယ်ကွယ် ကိစ္စမရှိပါဘူး မိတ်ဆက်ပေးရမယ် ဒါကအန်ကယ့်ရဲ့တူလေ နေဝင်ဆည်းဆာတဲ့ ရုပ်ရှင်မင်းသားမို့ သမီးညိမ်းလည်းသိလောက်မှာပါ''

ထိုကောင်မလေး သူ့ဘေးနားလာရပ်ကတည်းက သူစေ့စေ့ပေါက်ပေါက်ကို ကြည့်နေမိတာ။ကောင်မလေးကတော့ အခုထိ တစ်ချက်မှ သူ့ဆီအကြည့်ပို့မလာခဲ့သေး။သူမရဲ့အကြည့်တွေက အန်ကယ်လေးဆီမှာသာ​။

သူကြည့်နေမိရင်းကနေ ထိုတစ်ယောက်က သူသိခဲ့ဖူးတဲ့လူတစ်ယောက်နဲ့ တူနေတယ်လို့ သူတွေးထင်လာခဲ့သည်။ပြီးတော့ အန်ကယ်လေးက သူ့နာမည်ကိုပြောပြလိုက်ချိန် ဖျတ်ခနဲ ပျက်ယွင်းသွားသောမျက်နှာကိုလည်း သူအမိအရ ဖမ်းယူလိုက်နိုင်သည်။

နီးစပ်ခွင့်ပြုပါWhere stories live. Discover now