(11)

1.6K 70 4
                                    

Unicode

''မ!!''

''ဟင်! နေ!''

မနက်စာစားဖို့ရန် အောက်ထပ်ဆင်းလာစဥ် ကြားလိုက်တဲ့ ရိုက်သံကြောင့် အပြေးတစ်ပိုင်းမီးဖိုခန်းထဲ ဝင်ကြည့်လိုက်တာ။

ထင်သည့်အတိုင်းပင်။

မ က ညိမ်းဇေသော်ကို ပါးရိုက်လိုက်တာကို တွေ့လိုက်ရသည်။ညိမ်းဇေသော်ရဲ့ ပါးပြင်ထက်မှာ လက်ငါးချောင်းအရာကြီးက ထင်းနေတာပင်။

''မ ဒါဘာလုပ်တာလဲ''

''အချိုးမပြေလို့ ဆုံးမလိုက်တာလေ သူလိုအိမ်ပေါ်အဆင့်ကများ မ လိုလူကို ရင့်ရင့်သီးသီးပြောရဲနေတာ ဒီ့ထက်ကို ပိုလုပ်သင့်သေးတယ်''

''မ လွန်မလာနဲ့နော် သူက ကျွန်တော်ကိုယ်တိုင်ခေါ်ထားတဲ့အိမ်အကူ ဆုံးမချင်ကျွန်တော်ပဲဆုံးမမယ် မ ဘာမှ ဝင်စွက်ဖက်စရာမလိုဘူး ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ ညိမ်း ခင်ဗျားအရမ်းနာသွားလား''

မကို တရစပ်အော်ပစ်လိုက်ရင်း ညိမ်းဆီသွားကာ မေးလိုက်သည်။ရိုက်ချက် ပြင်းလား မပြင်းလားဆိုတာ ညိမ်းရဲ့မျက်ဝန်းထဲက မျက်ရည်တွေက သက်သေ။အားတစ်ဆုံး အရိုက်ခံရတာ ဘယ်သူမဆိုတော့ နာမှာပဲ။နာရင်တော့ ငိုကြတာ ဓမ္မတာပဲမလား။

''နေ! မင်းအခု မ ကိုအော်လိုက်တာလား ဘာမဟုတ်တဲ့ ဒီအိမ်စေလေးအတွက်နဲ့လေ''

''မ စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ ညိမ်းက ကျွန်တော်လိုလိုလားလားနဲ့ ခေါ်ထားတဲ့သူပါ အိမ်အကူဆိုတာထက် အများကြီးသာတာမို့ မ သူ့ကိုပြန်တောင်းပန်ပေးပါ''

''တောက်စ်! နေ မင်းရူးသွားပြီ ရူးတာမှ သွက်သွက်ခါကို ရူးသွားတာ''

ထိုအမျိုးသမီး ဆွေ့ဆွေ့ခုန်ဖြစ်နေပုံက ကြည့်ကောင်းလှသည်။

''ဘယ်လိုရူးရူးဗျာ အဓိကကတော့ မ သူ့ကိုပြန်တောင်းပန်ပေးပါ''

''ဘာ!''

''ညိမ်းဇေသော်ကို ပြန်တောင်ူပန်ပေးပါ မ''

''သေတောင်မတောင်းပန်ဘူး အိမ်စေတစ်ယောက်ကို အောက်ကျို့ခံပြီးတောင်းပန်တဲ့အထဲမှာ ဝိုင်နီရောင်ဆိုတဲ့မိန်းမ မပါဘူး''

နီးစပ်ခွင့်ပြုပါWhere stories live. Discover now