(10)

2.1K 85 2
                                    

ညက ဟိုတွေးဒီတွေးနဲ့ ညိမ်းတော်တော်နဲ့အိပ်မပျော်။မနက်လင်းခါနီးမှ အိပ်ပျော်သွားတာမို့ နေမြင့်မှ ညိမ်းနိုးတော့သည်။နိုးနိုးချင်းမှာပင် နာရီကြည့်လိုက်တာ 7 နာရီခွဲဖြစ်နေပြီ။

အိုမို သေပြီ။

နေဝင်ဆည်းဆာအတွက် မနက်စာပြင်ပေးရဦးမှာပဲ။

ကုတင်ပေါ်ကြည့်လိုက်တော့ နေဝင်ဆည်းဆာက မရှိတော့။ရေချိုးခန်းမှာ ရေကျသံကြားနေရတာဆိုတော့ ရေချိုးနေတာဖြစ်လိမ့်မည်။ညိမ်းတော့ လစာအဖြတ်ခံရမည့်ကိန်း။အလုပ်ရှင်ထက် နောက်ကျပြီးမှ အိပ်ရာနိုးတာက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်ပဲမလား။

အိပ်ယာစောင်ကို အမြန်ကောက်သိမ်းရင်း တစ်ယောက်တည်း ပြာယာကို ခတ်နေတော့သည်။

''ခင်ဗျားနိုးပြီလား''

အိပ်ယာသိမ်းနေတုန်း အသံလာရာဆီ လှည့်ကြည့်လိုက်တော့ သူက အောက်ပိုင်းကို တဘက်တစ်ထည်သာပတ်ကာ ရေစက်လက်ဖြစ်နေတဲ့ခေါင်းကို တဘက်အဖြူနဲ့ သုတ်ရင်း ရေချိုးခန်းထဲကနေထွက်လာ၏။

အပေါ်ပိုင်းက ဗလာဖြစ်နေတာမို့ သူ၏အားကစားလိုက်စားမှုကြောင့် ကျစ်လျစ်သန်မာတဲ့ကြွက်သားတွေက ထင်းနေတာပင်။မဖြူမညို အသားခပ်လတ်လတ်နဲ့မို့ ခါးစောင်းမှာထိုးထားတဲ့ တစ်စုံတစ်ခုကို ခုန်အုပ်တော့မည့်ဟန်ဝံပုလွေတက်တူးက ထင်းနေတော့သည်။

''အဟမ်း မျက်လုံးကြီးလည်း ကျွတ်ထွက်သွားဦးမယ် စိတ်လေးဘာလေးထိန်းဦး''

ပြုံးစိစိနဲ့ သတိပေးလာတဲ့သူကြောင့် ညိမ်းရှက်သွားရကာ သူ့ဆီကနေ မျက်နှာလွှဲလိုက်၏။

လူကိုအမြဲစနေတော့တာပဲ။

''ရော့!''

ပစ်ပေးလိုက်တဲ့ တဘက်အဖြူကို ယောင်ပြီး ကောက်ဖမ်းလိုက်သည်။ညိမ်းသူ့ကို နားမလည်သလိုကြည့်လိုက်တော့ သူကကုတင်ပေါ်အကျအနထိုင်ကာ

''သုတ်ပေး''

ကုတင်ပေါ်အကျအနထိုင်ကာ ခိုင်းနေပုံက လူကို သူ့ထက်အငယ်များ မှတ်နေလားမသိ။ဘယ်လိုပဲ အိမ်စေလို့ပြောပြော လေစားသမှုတော့ ရှိသင့်တာပေါ့။

နီးစပ်ခွင့်ပြုပါWhere stories live. Discover now