Unicode
''ဘာကိုသိမှာလဲ''
ရုတ်တရက် နောက်ပါးဆီမှ အမေ့အသံကြောင့်
ညိမ်းခေါင်းတစ်ခုလုံး ပူထူသွားရသည်။အမေများ သူတို့ပြောနေတာကို အစအဆုံးကြားသွားပြီလား။
''အ အမေ''
''ပြောပါအုံး အမေမသိအောင် ဘာတွေလုပ်ထားတာလဲ''
ဤသို့မေးပုံထောက် အရှေ့ကစကားတွေ အမေဘာမှ မကြားလိုက်ရပုံ။အခုမှ စိတ်အေးသွားရသည်။
''သားငယ် အမေမေးနေတယ်လေ အမေမသိအောင် ဘာတွေများလုပ်ထားတာလဲလို့''
''ဟို ဘာမှမဟုတ်ပါဘူးအမေ ကျွန်တော်တို့...''
ဒုန်း!!!
အသံလာရာဆီ ညိမ်းတို့အားလုံးလှည့်ကြည့်လိုက်တော့ ဘယ်သူတွေမှန်းမသိတဲ့ လူတစ်စုက အိမ်ထဲဝင်လာ၏။လက်ထဲမှာလည်း ဓားတွေနဲ့။ချက်ချင်းမတ်တပ်ရပ်ကာ အမေ့ကို ညိမ်းအနောက် ပို့လိုက်ပြီး ထိုလူတွေကို စိုက်ကြည့်လိုက်သည်။
''ခင်ဗျားတို့က ဘယ်သူတွေလဲ''
''ငါက မင်းအမရဲ့အကြွေးရှင်''
အသားမဲမဲ ဝဝဖိုင့်ဖိုင့်နဲ့ ရွှေတွေတစ်ကိုယ်လုံးအပြည့် ဆင်ထားတဲ့လူက ပြောလာတာဖြစ်သည်။
''ဘယ်လို!''
ဒါက အမေ့ဆီက အံ့အားသင့်စွာ ထွက်လာတဲ့အသံ။
''မင်းအမက ဒီအိမ်ကို သိန်းငါးရာနဲ့ပေါင်ထားတာ အခုအဲ့ပိုက်ဆံတွေ ပြန်ဆပ်ရင်ဆပ် မဆပ်ရင် ဒီအိမ်နဲ့ခြံကို အပိုင်သိမ်းမှာ''
''မ မဖြစ်နိုင်ဘူး ကျွန်မသမီးက အဲ့လိုလုပ်မဲ့လူစားမျိုးမဟုတ်ဘူး''
''အဖွားကြီး ခင်ဗျားမယုံဘူးဆိုရင် ဒီမှာကြည့် ခင်ဗျားသမီးက ဒီအိမ့ကို ငွေသိန်းငါးရာနဲ့ပေါင်ထားတာ ခင်ဗျားသမီးလက်မှတ် ဒီမှာပါတာတွေ့လား''
တကယ်ကို မမလက်မှတ်က ထင်းနေတာပင်။ပေါင်ထားတာက အိမ်ပဲဆိုပေမဲ့ သတ်မှတ်ရက်အတွင်းပြန်မဆပ်နိုင်ရင် အိမ်ရော ခြံပါသိမ်းမည်တဲ့။
ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ။
''မ မဖြစ်နိုင်ဘူး ကျွန်မသမီးကဆိုးပေမဲ့ အခုလို မိုက်မဲတဲ့အလုပ်မျိုး လုံးဝလုပ်မှာမဟုတ်ဘူး ရှင်တို့လာလိမ်နေတာမလား''
YOU ARE READING
နီးစပ်ခွင့်ပြုပါ
RomanceStart - 3.11.2024 (Sun) End - ? Crd All Photos (From Pinterest)