(6)

2.4K 78 0
                                    

Unicode

Ring >>>>>>

''ဟယ်လိုမေမေ''

ရုံးကအပြန် ငှားနေနေတဲ့အိမ်ရောက်ရောက်ချင်း အမေ့ဆီက ဖုန်းဝင်လာသည်။

''သားလေးနေကောင်းရဲ့လား''

''ဟုတ် ကောင်းပါတယ်အမေ သားအခုမှ အလုပ်ကနေပြန်လာတာ''

''အယ် ဟုတ်လား ဒီနေ့နောက်ကျလှပါလားသားရဲ့''

''သားမနက်ဖြန်အလုပ်ထွက်တော့မှာဆိုတော့ လိုအပ်တာတွေ အကုန်ပြီးအောင် လုပ်ပေးနေရလို့ ပြန်တာနောက်ကျတာပါ''

''ဘယ်လို အလုပ်ထွက်မယ်ဟုတ်လား အလုပ်ကဘာဖြစ်လို့လဲသားရဲ့အဆင်မပြေလို့လား''

''မဟုတ်ပါဘူး အလုပ်ကအဆင်ပြေပါတယ် ပိုကောင်းတဲ့အလုပ်တစ်ခုရသွားလို့ ထွက်လိုက်တာပါ ဘော့စ်ကိုယ်တိုင် ရှာပေးထားတဲ့အလုပ်ပါ ပြီးတော့လစာကလည်းကောင်းတယ်မေမေရဲ့''

''ဟုတ်လား ဘာအလုပ်လဲသား''

''အိမ်အကူအလုပ်ပါ''

''ဟော်တော့ သားရယ် အိမ်အကူအလုပ်ကြီးလား အိမ်အကူအလုပ်ထက် အခုဝန်ထမ်းအလုပ်က ပိုပြီးတော့ဂုဏ်ရှိတယ်မလားကွယ် လစာကောင်းတယ်ဆိုရင်တောင် အခုလုပ်နေတဲ့ ဝန်ထမ်းလစာထက် ဘယ်လောက်များ ပိုနေလို့တုန်းကွဲ့''

''အများကြီးပိုတယ်အမေရဲ့ များတာမှနှစ်ဆတောင်များတာ အိမ်အကူလစာက တစ်လဆယ်သိန်းတဲ့ အဲ့ဒါကြောင့် သားလုပ်ချင်တာပေါ့''

''ဘယ်လို အိမ်အကူလစာက ဆယ်သိန်းတောင် ဟုတ်လား ဖြစ်နိုင်ပါ့မလားသားရယ် တော်ကြာ အိမ်အကူအလုပ်ဆိုပြီး မဟုတ်က ဟုတ်ကတွေ လုပ်ခိုင်းနေရင် ဘယ်လိုလုပ်မလဲ မလုပ်ပါနဲ့လားကွယ်''

အမေပြောမှပဲ ညိမ်းစဥ်းစားမိတော့သည်။အိမ်အကူတစ်ယောက်ကို တစ်လဆယ်သိန်းပေးတယ်ဆိုတာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။

အို...ဘာလို့မဖြစ်နိုင်ရမှာလဲ။အိမ်အကူရှာရခက်ခဲနေလို့ လစာများများပေးပြီး ရှာတာလည်းဖြစ်နိုင်တာပဲ။ကိုယ့်ဘော့စ်ကိုယ်တိုင်ရှာပေးထားတဲ့အလုပ်မို့ မကောင်းတဲ့အလုပ်တော့မဖြစ်နိုင်လောက်ပါဘူး။

နီးစပ်ခွင့်ပြုပါWhere stories live. Discover now