(12)

3.3K 157 9
                                    

Unicode

''အဟမ်း''

TV ကြည့်နေတုန်း ချောင်းဟန့်သံကြောင့် လှည့်ကြည့်လိုက်တာ ဟိုအမျိုးသမီးဖြစ်နေ၏။မနေ့ညက နေဝင်ဆည်းဆာပြန်မလာတော့ သူမလည်း အိမ်ပြန်မရောက်လာ။

အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦးပေမို့ ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကိုတော့ စိတ်ပူနေစရာမလို။ကိုယ့်အသိဉာဏ်နှင့်ကိုယ် သွားတတ်လာတတ်ပြီမဟုတ်လား။

အခုလည်း မနက်စောစောစီးစီး ဘာလာဂျိုကြွဦးမည်လဲမသိ။တွေးရင်းနဲ့ကို မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။

အနီရောင်ရင်ပြတ်ကိုယ်ကျပ်တစ်ထည်ကို အနက်ရောင်ဒေါက်ဖိနပ်နှင့်တွဲစီးထားပြီး နှုတ်ခမ်းနီတို့ကလည်း နီရဲရဲတောက်တောက်။လက်ကိုင်အိတ်ကတော့ အဖြူရောင်ဖြစ်နေကာ ကြည့်လိုက်တာနဲ့တင် တစ်နေရာရာကို သွားမည့်ပုံစံမှန်းသိသာလှသည်။

''ယူ တို့နဲ့လိုက်ခဲ့''

''ဘယ်ကိုလဲ''

''ရှည်လိုက်တာ လိုက်ဆိုလိုက်ခဲ့ပေါ့''

''ညိမ်းမလိုက်ဘူး''

''ဘာ!''

''ကြားတဲ့အတိုင်းပဲလေ''

''နင် နင်...တောက်စ်''

သူငြင်းလိုက်တာကို ထိုအမျိုးသမီးက တရှူးရှူး တရှဲရှဲနဲ့ အတော်လေး ဒေါသထွက်သွားပုံ။

''နင်ကဘာမို့လို့ ငါ့ကိုငြင်းရဲတာလဲဟမ်''

''အမဘယ်သွားမယ်ဆိုတာ တိတိကျကျပြောပြမှ ညိမ်းက လိုက်သင့် မလိုက်သင့်ဆုံးဖြတ်လို့ရမှာပေါ့''

''တို့ရှော့ပင်ထွက်မှာ မင်းကိုခေါ်တာက အထုတ်လိုက်ဆွဲပေးဖို့ မင်းက နေ့အရှိန်အဝါနဲ့ တော်တော်လေးမာန်တက်နေတယ်ဟုတ်လား''

''မာန်တက်နေတာမဟုတ်ဘူးအမ ကိုယ့်မာနနဲ့ကိုယ်နေတာ သူများလက်အောက်မှာ အလုပ်လုပ်ရတယ်ဆိုတိုင်း မကောင်းတာခိုင်းနေရင် ငြင်းသင့်ရင်ငြင်းရမှာပဲ''

''ကြီးကြီးကျယ်ကျယ်နဲ့ ကဲ အခုဘယ်သွားမယ်ဆိုတာသိပြီမလား လိုက်မှာလား မလိုက်ဘူးလား''

''ကောင်းပြီလေ နေဝင်ဆည်းဆာရဲ့မျက်နှာနဲ့ အလျှော့ပေးလိုက်မယ် ခဏစောင့် အဝတ်အစားသွားလဲလိုက်ဦးမယ်''

နီးစပ်ခွင့်ပြုပါWhere stories live. Discover now