အခန်း (၅) ခင်ဗျားကျုပ်ကို လာနောက်နေတာလား
စိုင် ထိုနေရာတွင်ပင်လဲနေလိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ့မျက်နှာသည် ရောင်ကိုင်းနေပြီး နှာခေါင်းမှလည်း သွေးများထွက်နေခဲ့သည်။ သူသည် ရှောက်ရွှမ် ပစ္စည်းများကို ကောက်ယူနေခြင်းကို ကြည့်နေခဲ့သည်။ သို့သော်လည်း သူရှိနေသည့်နေရာမှ ဆိုလျှင် ရှောက်ရွှမ် မည်သည့်အရာများကောက်ယူနေသည်ကိုမူ မတွေ့ရပေ။ သူ့အနေဖြင့် သေချာနေသည်မှာ ရှောက်ရွှမ်သည် ရက်အနည်းငယ်စားသုံးရန် လုံလောက်သည့်အစားအသောက်များနှင့် လဲလှယ်နိုင်သည့် အရည်အသွေးကောင်းသည့် ကျောက်တုံးများကို ကောက်ယူနေခြင်းပင် ဖြစ်လိမ့်မည်။
ရှောက်ရွှမ်သည် စိုင်နှင့်ကျန်းတို့၏ အကြည့်များကို ခံစားမိနေခဲ့သည်။ သို့သော်လည်း သူသည် သူတို့က လျစ်လျူရှုထားလိုက်လေသည်။ ပစ္စည်းအတော်များများကို ကောက်ယူပြီးသည့်အချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်ကြောင်း ရှောက်ရွှမ် တွေ့လိုက်ရသည်။ သူ့အနေဖြင့် အိမ်ပြန်ရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်၏။ သူ့အမြင်အရ အရည်အသွေးကောင်းမွန်သည့် ကျောက်တုံးများ ကျန်ရှိနေပေသေးသည်။ သို့သော်လည်း သူ့အနေဖြင့်လက်ရှိ ကောက်ယူထားသမျှဖြင့် ဆိုလျှင် ယနေ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူသည် ငယ်ရွယ်သေးသည်ဖြစ်ရာ သူ့အနေဖြင့် ကျောက်တုံးအများအပြားကို မသယ်နိုင်သေးပေ။
သူ၏လက်ရှိခွန်အားသည် မလုံလောက်သေးပေ။သူ့အနေဖြင့် အလုပ်ပိုလုပ်လိုလျှင် မျိုးနွယ်စုစွမ်းရည်ဟူသည့် အရာနှိုးထမှသာ ဖြစ်နိုင်မည် ဖြစ်သည်။
ဆီဆာ သယ်ဆောင်သွားသည့် ယဲ့ လုံခြုံနေခြင်းရှိမရှိကို ကြည့်လိုက်ပြီး ဆီဆာကို ခေါ်လိုက်ကာ သူ စုဆောင်းထားသည့် ကျောက်တုံးများကို သားရေအိတ်ထဲသို့ထည့်လိုက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။ယဲ့ ပြန်ရောက်လာသည့် အချိန်တွင် သူသည် မျက်နှာတွင် သွေးများနှင့် အံကြိတ်နေသည့် စိုင်ကို မြေပြင်ပေါ်တွင် တွေ့လိုက်ရလေသည်။ ကျန်းမှာမူ သူ့ဘေးတွင် ရှိနေပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေဆဲဖြစ်သည်။