အခန်း (၂၉) အနုပညာအမြင်အပြည့်နဲ့ ကျောက်ဆစ်စွမ်းရည်
အစပိုင်းတွင် ရှောက်ရွှမ် ကျောက်တုံးကိုထုဆစ်လိုက်တိုင်း ခဲ့ ၏ အမူအယာကို စောင့်ကြည့်နေခဲ့သည်။ အချိန်တစ်ခုကြာလာသည့် အချိန်တွင်မူ ခဲ့ကို လုံးဝ လျစ်လျုရှုထားမိလိုက်ပြီး ကျောက်တုံးထုဆစ်ခြင်း တွင်သာ သူ့ကိုယ်သူနှစ်မြုပ်ထားလိုက်လေသည်။
ထုဆစ်ရခြင်းသည် ခွန်အားများကို အများအပြားအသုံးပြုရပေသည်။ ခန္ဓာကိုယ်အားကို သုံးယုံသာမက စိတ်အားကိုလည်း သုံးနေရသည်။ ထိုအရသည် ခြေလက်များကို သာမာန်လှုပ်ရှားနေရခြင်းနှင့် မတူနေပေ။ ထုနှက်မှုတစ်ခုချင်းစီအတွက်သူသည် ထုရမည့် ထောင့်ချိုး ထည့်သွင်းရမည့် ခွန်အားတို့ကို အသေးစိတ်တွက်ချက်ရသေးသည်။ ကျောက်တုံးတူကို လွဲရမည့် ထော့င်ချိုးနှင့် စိုက်ထုတ်ရမည့်ခွန်အားတို့ကို မျက်တောင်တ ခတ်အတွင်း ဆုံးဖြတ်ရခြင်းဖြစ်သည်။
မျိုးနွယ်စုမှ လူများသည် ကျော်တုံးထုဆစ်ခြင်းအတွေ့အကြုံများ အနည်းနှင့်အများရှိကြသောလည်း သူတို့၏ ခံစားချက်များပေါ်တွင် မူတည်၍ ရလာဒ်များ ကွဲပြားသွားနိုင်သည်။ သို့သော် ရှောက်ရွှမ်မှာမူ အတွေ့အကြုံရင့်ကျက်ခြင်း မရှိသေးပေ။ သူသည် စိတ်ထဲမှ တွက်ချက်မှုများကိုသာ အားပြုနေရသည်။
ယခုတွင် သူ့ထံ၌ ပိုမိုသန်စွမ်းသည့် ခန္ဓာကိုယ်တစ်ခုရှိနေပြီဖြစ်သော်လည်း သူမမောနိုင်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ အစပိုင်းတွင် သူသည် ကျောက်တုံး တူကိုကိုင်တွယ်ရာတွင် မပင်ပန်းခဲ့ပေ။ သို့သော် သူခနခန ထုနေသည်နှင့်အမျှ ပင်ပန်းမှုကို ခံစားမိလာရသည်။ သူ့လက်ထဲမှ ကျောက်တုံးတူသည်လည်း အလွန်အမင်းလေးလံလာကြောင်းကို သူသိလိုက်သည်။ မှားယွင်းသောခွန်အား သို့မဟုတ် ထောင့်ချို့ဖြင့် ကျောက်တုံး ကို ထုမိပါက မျှော်လင့်ထားသည့် ပုံသဏ္ဍာန် ပေါ်လာတော့မည် မဟုတ်ပေ။
ထို့အချက်များကြောင့် ရှောက်ရွှမ်သည် ခဲ့ကို အာရုံထပ်ပြီး မစိုက်နိုင်တော့ခြင်းဖြစ်သည်။
အစပိုင်းတွင် ရိုက်ချက်တစ်ခုနှင့်တစ်ခုအကြား သူတွေဝေနေမိခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ရိုက်ချက်၏ အမှားများကို ပြန်ပြီးဝေဖန်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူလေ့ကျင့်သား ရလာသည်နှင့်အမျှ သူပိုပြီးကျွမ်းကျင်လာခဲ့လေပြီ။ ထို့ကြောင့်ပင် ရိုက်ချက်တစ်ခုနှင့် တစ်ခုအကြား ကွာခြားချက်သည် တိုတောင်းလာခဲ့သည်။