Chapter 37

41 5 0
                                    

အခန်း (၃၇) မြေကိုမိုဒို အစွယ်ဓါး

ရှောက်ရွှမ် မိုင်ကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ သူသည် မိုင်ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

သူက တတိယတစ်ကြိမ်ကျမှ အမဲလိုက်ထွက်ရမှာမဟုတ်ဘူးလား။ မိုင်က ရုတ်တရက်ကြီးဘာလို့ စိတ်ပြောင်းသွားတာလဲ ........။
ခုနတုန်းကထိုးလိုက်တဲ့ လက်သီးချက်ကြောင့်လား.......။

"ကောင်းပါပြီ "

ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

ရှောက်ရွှမ်အနေဖြင့် အမဲလိုက်ထွက်ရမည်ကို
သဘောကျပေသည်။ တောအုပ်ထဲမှ မြင်ကွင်းများသည် အချိန်တိုင်းပြောင်းလဲနေတတ်သည်။ မတူညီသည့် အကြိမ်များတွင် တောထဲသွားလိုက်တိုင်း မတူညီသည့် ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်နှစ်တွင် တစ်ကြိမ်သာပွင့်သော ပန်းများကို မြင်တွေ့ရနိုင်သည်။ အချို့သော သီးပင် စားပင်များကိုလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ရနိုင်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် စောစော အမဲလိုက်ထွက်လေ အတွေ့အကြုံပိုများများ ရလေဖြစ်သည်။ မဟုတ်လျှင် ထိုသူသည် နောက်တစ်နှစ်စောင့်မှသာ တူညီသော မြင်ကွင်းများကို တွေ့ရလိမ့်မည် ဖြစ်၏။
လန်ကာ့ နှင့် ကောတို့ ပြောဖူးသည်မှာ တောအုပ်ထဲမှ အချို့အပင်များသည် အန္တရာယ်ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်ထွက်ကြသည့်သူများသည် ထိုအပင်များကို သေချာ သိနားလည်ထားမှသာ ရပေမည်။

မိုင်သည် သူ့ကို နောက်တစ်ကြိမ် အမဲလိုက်ထွက်ရာတွင် လိုက်ဖို့ရန်အတွက်ခေါ်နေသည်မှာ သူ့အရည်အချင်းများကို အသိအမှတ်ပြုသောကြောင့်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ရှောက်ရွှမ်အနေဖြင့် အမဲလိုက်ခရီးစဉ်အတွက် ပြင်ဆင်ထားရန်လိုအပ်နေပေပြီ။

ထိုအချိန်တွင် အခြားသူများသည် မိုင်ကိုလာရှာကြလေသည်။ ထိုလူများထဲတွင် ထွော်လည်းပါနေခဲ့သည်။ သို့နှင့် ရှောက်ရွှမ် ခွင့်တောင်းပြီး ပြန်လာခဲ့လိုက်သည်။

" ဦးလေးမိုင်က အလုပ်ရှုပ်နေတော့ ကျွန်တော် သွားလိုက်ဦးမယ်။ ကျေးဇူးပဲနော် ဦးလေးမိုင် "

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်Where stories live. Discover now