Chapter 35

43 4 0
                                    

အခန်း (၃၅) အရမ်းတော့ မဆိုးနေဘူးမလား

ချီးကျူးသံများ ဝေဆာနေသည့်ကြားတွင် အမဲလိုက်အဖွဲ့သည် " ဂုဏ်ကျက်သရေ လမ်း " မှ ပြန်လာနေခဲ့ပြီဖြစ်သည်။ နေဝင်ချိန်ဖြစ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်များမှ အရိပ်များကို မြင်နေရသည်။
သန်မာသော စစ်သည်တော်များသည် သူတို့ခန္ဓာကိုယ်ထက်ပင် ကြီးမားသော သားကောင်များကို သယ်ဆောင်လာကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ငုံးဥတစ်လုံးကို ထမ်းလာသည့် ပုရွက်ဆိတ်များနှင့် တူနေခဲ့သည်။ သူတို့သည် သားကောင်များကို ထမ်းပိုး၍ဖြစ်စေ၊ ကြိုးဖြင့်ဆွဲ၍ ဖြစ်စေ သယ်ယူလာခဲ့ကြခြင်း ဖြစ်သည်။

သူတို့အနေဖြင့် ကြီးမားစွာရိတ်သိမ်းနိုင်ခဲ့သော အမဲလိုက်ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ စစ်သည်
တော်များ အားလုံးသည် အထုပ်အပိုးများဖြင့် ဖြစ်ကြလေသည်။

ပြောကြသည်မှာ ဤတစ်ခေါက် တာဝန်တွင် မည်သူမှ သေဆုံးခြင်းမရှိကြဟု ဆိုလေသည်။ သို့‌သော်လည်း စစ်သည်တော် နှစ်ယောက်တို့ ဆိုးဝါးစွာ ဒဏ်ရာရလာခဲ့ကြသည်။ သူတို့ကို နတ်ဆရာထံသို့ပို့လိုက်ကြပြီ ဖြစ်ပြီး အခြေအနေ တည်ငြိမ်သွားကြပြီ ဖြစ်သည်။ သူတို့၏ သန်မာသော စစ်သည်တော် ခန္ဓာကိုယ်များကြောင့် သူတို့အနေဖြင့် အနားယူလိုက်လျှင် ခွန်အားများကို ပြန်လည် ရရှိလာနိုင်မည် ဖြစ်သည်။

ရှောက်ရွှမ်မှာမူ ညနေခင်းတစ်ခုလုံး ကျောက်တုံးထုဆစ်နေခဲ့သောကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ လူအုပ်ထဲတွင် လန်ကာ့နှင့် မိုင် တို့ကို တွေ့လိုက်ရသဖြင့် သူ့အိမ်သို့သာ ပြန်သွားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူတို့ကို နူတ်
ဆက်ရန်အတွက် လောနေခြင်းမရှိပေ။ သူသည် အလွန်ပင်ပန်းနေခဲ့ပြီး ဖြစ်လေသည်။

အဖွဲ့၏ ရှေ့ဆုံးတွင် သိသာသော အရပ်ပုသေးသေး လူတစ်ယောက်သည် ကြီးမားသော တောဝက်နှစ်ကောင်ကို သယ်လာခဲ့သည်။ ထိုသူမှာ မောင် ဖြစ်ပြီး သူ့ကိုယ်သူ ကျေနပ်နေခဲ့လေသည်။ သူသည် လူအများ၏ ချီးကျူးစကားများကို ခံယူနေခဲ့ပြီး ပြုံးနေခဲ့သောကြောင့် သူ့ပါးစပ်ကိုပင် မပိတ်နိုင်ဖြစ်နေရသည်။ ခံစားလို့ ကောင်းလိုက်တာ..........။ သူ့နောက်ကျောကို ဆန့်တန်းလိုက်ပြီး ခေါင်းကို စောင်ငှဲ့ကြည့်လိုက်ကာ လူအုပ်ကြီးကို ပြန်ကြည့်လိုက်သည်။ ရှောက်ရွှမ် ဆီဆာနှင့်အတူ ပြန်ထွက်သွားသည်ကို သူမြင်တွေ့လိုက်ရလေ၏။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်Where stories live. Discover now