Chapter 24

38 5 0
                                    

အခန်း (၂၄) မင်းနာမည်ဘယ်လိုခေါ်လဲ

ပွဲတော်၏ အဆုံးတွင် ရှောက်ရွှမ် တစ်ခုခုမှားနေသည်ကို ခံစားလိုက်မိသည်။
ဘာမှားနေကြောင်းကို သူမသိလိုက်ခင်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ မျိုးနွယ်စုနတ်အမှတ်အသားများသည် ပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သူသည် မီးပုံကိုသာ စိုက်ကြည့်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများအားလုံးသည် မျိုးနွယ်စုနတ်စွမ်းရည်နှိုးထလာခြင်းကြောင့် ဖြစ်ကြောင်းကို သူသိနေခဲ့သဖြင့် သူသည် နောက်ထပ်စိတ်ပူနေခြင်း မရှိတော့ပေ။
သို့သော်လည်း သူမီးပုံအနီးတွင် ရပ်နေလေလေ အထဲမှ မီးတောက်များနှင့် ပို၍ ရင်းနှီးလာသည်ဟု ခံစားရလေလေဖြစ်သည်။ ထိုအရာသည် နတ်စွမ်းရည်နှိုးထသည့် အခြားကလေးများတွင်
လည်း အတူတူသာ ဖြစ်နိုင်ကြောင်း သူတွေးနေခဲ့သည်။ ထိုအခြေအနေတွင် သူ့အနေဖြင့် အသေးစိတ်ကို မေးမြန်းကြည့်ရန် အဆင်မပြေဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် မီးပုံထဲမှ မီးတောက်များကိုသာ ကြည့်ရှုလေ့လာနေခဲ့လေသည်။

နတ်ဆရာက ပွဲတော်ပြီးဆုံးကြောင်းကို ကြေငြာသည့်အချိန်တွင် ရှောက်ရွှမ် မီးပုံကို အာရုံစိုက်နေခြင်း မရှိတော့ပေ။ ထို့အစားသူ၏ ရန်သူတော်ကြီးဖြစ်သော 'စိုင်' နှင့် စကာပြောရန်ကိုသာ ဆုံးဖြတ်လိုက်သည်။ သူ 'စိုင်' ကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် သူသည် အရိုးစုတစ်ခု ကိုသာ မြင်တွေ့လိုက်ရလေသည်။ ရှောက်ရွှမ် အလွန်ကြောက်ရွံ့သွားခဲ့သည်။ သူသည် 'စိုင်' ကိုမသိစိတ်ဖြင့် ကန်မိလု ဆဲဆဲပင်။ သူ့ဘေးပတ်လည်ကို ကြည့်လိုက်သည့် အချိန်တွင်လည်း လမ်းလျှောက်နေကြသည့် စစ်သည်တော်များနှင့် ကလေးများအားလုံးသည် သူ၏မြင်ကွင်းထဲတွင် အရိုးစုများ အဖြစ်သို့ ပြောင်းလဲနေကြပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သူသည် လူများကို မည်သူမည်ဝါဟု ခွဲခြားခြင်းကိုပင် မပြုလုပ်နိုင်တော့ပေ။

စကားပြောနေကြသည့်လူများ၊ လမ်းလျှောက်နေကြသည့်လူများ အားလုံးတို့သည် အရိုးစုများ ဖြစ်နေကြလေပြီ။

ရှောက်ရွှမ် ဆွံ့အသွားမိသည်။

သူတစ်ယောက်တည်းသာ ဖြစ်နေသည်လော ၊ အခြားကလေးများလည်း သူ့နည်းတူဖြစ်နေကြသည်လော ဟူသည်ကို သူသိမနေခဲ့‌ပေ။ နတ်စွမ်းရည်နှိုးထပြီးတဲ့ လူတွေအားလုံး က ဒီလိုပဲမြင်နေရတာလားဟ......။ သူယခင်က လန်ကာ့ နှင့် မိုင်တို့ဖြင့် စကားပြောခဲ့စဉ်က သူသိထားသမျှမှာ တစ်စုံတစ်ယောက်သည် နတ်စွမ်းရည်နှိုးထ လာ
ပြီးပါက သူတို့၏ ခွန်အားများနှင့် တုန့်ပြန်နိုင်စွမ်းတို့သည် အဆများစွာ တိုးမြင့်သွားခဲ့သည် ဟူသည့်အချက်ကိုသာ သူသိထားခဲ့သည်။ သူတို့အရိုးစုများကို မြင်နေရသည့်အကြောင်းကိုမူ သူမကြားဖူးခဲ့ပေ။ ဘယ်သူကများဒီလိုဖြစ်မယ်လို့ ထင်ထားပါ့မလဲ ......။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်Where stories live. Discover now