အခန်း (၁၀) ငါ့နောက်ကို လိုက်ပြီးတော့ အသားတွေကို ရယူပါ
ထိုငါးကို စားသောက်လိုက်ကြပြီးနောက်တွင် သူတို့ငါးယောက်သည် ထပ်မံပူးပေါင်းလိုက်ကြပြီး နောက်ထပ် ငါး ခြောက်ကောင်ကို ဖမ်းဆီးလိုက်ကြသည်။ ငါးတစ်ကောင်ကို ဆီဆာကို ပေးလိုက်သည်။ သူသည် ချက်ပြုတ်ထားသည့် အစားအသောက်များကို မကြိုက်သဖြင့် ငါးစိမ်းကိုသာ ပေးလိုက်ခြင်းဖြစ်သည်။ အခြားကျန်သည့် ငါး ငါးကောင်ကိုမူ ရှောက်ရွှမ်နှင့် ကလေးလေးယောက်တို့ တစ်ယောက်တစ်ကောင်စီ ခွဲယူလိုက်ကြ၏။
ရှောက်ရွှမ် ကလေး လေးယောက်ကို ဦးဆောင်ပြီး ပြန်လာလိုက်စဉ် အစားအသောက် လာပို့ပေးတတ်သည့် ဦးလေး ကောသည် ရှောက်ရွှမ်ကို မတွေ့သည့်အတွက် လိုဏ်ဂူပြင်ပတွင် ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။
ဂူထဲမှကလေးများသည် သူတို့ စားသောက်ရမည့်အချိန်ကို သိထားကြပြီး ဖြစ်သဖြင့် သူတို့သည် အိပ်ယာထကာ အဆင်သင့်စောင့်နေခဲ့ကြပြီဖြစ်သည်၊။ သို့သော်လည်း ရှောက်ရွှမ်သည် လိုဏ်ဂူထဲတွင် ရှိမနေခဲ့ပေ။ ထို့ကြောင့် ဦးလေး ကော သည် အစားအသောက်များကို ယခုအချိန်အထိ ဖြန့်ဝေပေးရခြင်း မရှိသေးပေ။ ကလေးများသည် ဆာလောင်နေကြပြီဖြစ်ပြီး စတင်စိတ်လှုပ်ရှားလာကြသည်။ ကလေး နှစ်ယောက်သည် ဘာမဟုတ်သည့်ကိစ္စလေးဖြင့်ပင် ရန်ဖြစ်နေခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး နှာခေါင်းများမှ သွေးများ ယိုစီးကျလာလေ၏။
ဦးလေး ကော သည် လိုဏ်ဂူအဝတွင်ပင် တိတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့သည်။ သူသည် ကလေးများ ရန်ဖြစ်နေကြသည်ကို လျစ်လျုရှုထားပြီး အစားအသောက်ထည့်ထားသည့် ကျောက်ဇလုံနားသို့ ပေးမလာခဲ့ပေ။
ကလေးများသည် ဇလုံအနီးတွင် ဝန်းရံနေခဲ့သော်လည်း အနားကပ်ရဲကြခြင်း မရှိကြပေ။ ခိုးယူရန်ကြိုးစား သူသည် ဦးလေးကော ကန်ထုတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ပြီးလျင် သူသည် အခြားသူများထက် အစားအစာ ပို၍နည်းပါးစွာ ရပေလိမ့်မည်။
ဦးလေးကောသည် ဝင်ပေါက်တွင်ပင် ထိုင်နေခဲ့ပြီး ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခုကို တွေးတော နေခဲ့၏။ ထို့နောက် သူသည် တစ်စုံတစ်ရာကို သတိပြုလိုက်မိပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ကလေးငါးယောက်နှင့် ဝံပုလွေတစ်ကောင် လာနေသည်ကို သူတွေ့လိုက်ရသည်။ သူတို့ကို ဦးဆောင်လာသည့်လူမှာ လိုဏ်ဂူခေါင်းဆောင် ရှောက်ရွှမ် ပင်ဖြစ်သည်။
သို့သော်လည်း သူတို့မည်သည့်အရာကို ကိုင်စွဲလာကြသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် ဇလုံပေါ်မှ ပြုတ်ကျသွားလေသည်။