Chapter 36

59 9 0
                                    

အခန်း (၃၆) င့ါကိုလာပြီးထိုးကြည့်

အလယ်အလတ်အဆင့်ရှိသည့် မျိုးနွယ်စု စစ်သည်တော် တစ်ယောက် ဖြစ်သဖြင့် မိုင်သည် အမဲလိုက်အဖွဲ့ထဲတွင် အရေးပါသည့်နေရာကို ရရှိထားလေသည်။ ထို့ကြောင့် သူသည် မျိုးနွယ်စုသို့ ပြန်ရောက်သည့်အချိန်တွင် လုပ်စရာ အလုပ်တော်တော်များများရှိနေခဲ့၏။ သူသည် လန်ကာ့ကဲ့သို့ အေးအေးဆေးဆေး နေနိုင်ခြင်း မရှိပေ။ ရှောက်ရွှမ်ရောက်သွားသည့်အချိန်တွင် သူသည် အချို့သော စစ်သည်တော်များကို ကင်းလှည့်သည့်တာဝန်များကို စီစဉ်ပေးနေခဲ့သည်။

ရှောက်ရွှမ် အိမ်ထဲမှာပင် စောင့်နေလိုက်ပြီး အခြားစစ်သည်တော် နှစ်ဦးပြန်သွားသည့်အချိန်မှသာ မိုင် အိမ်ထဲသို့ ဝင်လာခဲ့သည်။

အခန်းထဲတွင် မိုင် အသားတစ်ခုကို လှီးဖြတ်လိုက်
သည်။ အမဲလိုက် တာဝန်အတွင်း၌ စစ်သည်တော်များသည် သားကောင်များကို ဤအတိုင်းသာ ယူလာခဲ့သဖြင့် မျိုးနွယ်စုသို့ ပြန်ရောက်သည့် အချိန်တွင် ထိုသားကောင်များကို လှီးဖြတ်ရန် လိုအပ်ပေသည်။ အချို့အသားများကို ရေရှည်ခံအောင် ပြုလုပ်ရဦးမည်လည်း ဖြစ်သည်။ သို့မှသာ နောက်ပိုင်းလိုအပ်ချိန်များတွင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

" ဟေး.... "

မိုင် ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ဖရဲသီးတစ်လုံးအရွယ်ခန့်ရှိသော အသားတုံးတစ်ခုကို ရှောက်ရွှမ်ထံသို့ပစ်ပေးလိုက်သည်။

" ရော့မင်းအတွက် ..... အိမ်ပြန်ရင် ယူပြန်သွားပေါ့ ၊ မင်းလည်း စစ်သည်တော်တစ်ယောက် ဖြစ်လာတော့ ပိုပြီးဗိုက်ဆာတတ်လာမှာပဲ၊ လေ့ကျင့်တာက စွမ်းအင်တော်တော်လေး လိုအပ်တယ်လေ "

အစားအစာမရှိလျှင် လေ့ကျင့်မှုများကို မပြုလုပ်နိုင်ပေ။ စစ်သည်တော်များလေ့ကျင့်သည့်အချိန်တွင် စွမ်းအင်အများအပြားကို အသုံးပြုရလေသည်။ ထို့ကြောင့်သူတို့သည် သာမန်လူများထက် အစားကြီးကြလေ၏။ ရှောက်ရွှမ် ကဲ့သို့သော စွမ်းအင်နှိုးထသူ အသစ်လေးများသည် ယခုမှသာ ကြွက်သားများကို ပြည့်ဖြိုးစေရန် လေ့ကျင့်နေရဆဲဖြစ်သည်။ ထို့ကြောင့် သူတို့သည် အစားအစာများကို ပိုပြီးလိုအပ်ပေသည်။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်Where stories live. Discover now