"ကြည့်! ဂရုစိုက်ပါလို့ပြောနေတာကို!"
ပွန်းသွားတဲ့လက်ကို တစ်ကျွတ်ကျွတ်ညည်းရင်း ပွတ်နေတဲ့ ကောင်လေးက သူ့စကားကြားတော့ ဆူပုတ်ပုတ်နဲ့မော့ကြည့်တယ်။
"ကိုကိုကလည်း ပြောမယ်ဆိုတာချည်းပဲ"
ခပ်စွာစွာအသံလေးက ချော်လဲသွားတဲ့ကြားကတောင်ထွက်လာသေးတယ်။ မှောက်သွားတဲ့ စကိတ်လေးက ဘီးတွေတောင်လည်နေတုန်း။ အရှိန်အရမ်းတင်ပြီး မစီးပါနဲ့ သူပြောတုန်းက မရဘူး။ ပိုပြီးတောင်အရှိန်တင်ပြသေးတယ်။ အခုတော့ တံတောင်ဆစ်ကိုပွတ်ပြီး ရှုံ့မဲ့နေတဲ့ ကိုယ်တော်လေးဟာ ရယ်စရာတောင်ကောင်း။
ရှုံ့တွတွဖြစ်နေတဲ့ နှာခေါင်းပိစိလေးကို သူဆွဲညစ်လိုက်ရင်း လက်တစ်ဖက်ကနေ ဆွဲထူပေးလိုက်တယ်။
"ဘယ်နားနာသွားသေးလဲ?"
"ရော် လက်ကိုဒီလောက်ပွတ်နေတာ မမြင်ဘူးလားလို့!"
"မဟုတ်ဘူးလေ တခြား ဘယ်နေရာကောနာသွားသေးလဲလို့လေ"
"မနာဘူး ဘာမှမဖြစ်ဘူး"
ဆူအောင့်အောင့်အော်ရင်း ထော့နဲ့ ထော့နဲ့ခြေလှမ်းတွေနဲ့ သစ်သားခုံပေါ်သွားထိုင်တဲ့ ပေါက်စပါပဲ။ ညနေခင်းတစ်လျှောက်လုံး သူ့ကိုကန့်လန့်တိုက်နေတဲ့ ကောင်လေးပါပဲ။ စိတ်ဆိုးနေတဲ့ ကြောင်ပေါက်တွေဟာ အမြဲချော့ရခက်တယ်။ အဲ့ဒီထဲမယ် ချွဲဘောမ်ကယူဟာ ထိပ်ဆုံးက။
သစ်သားခုံတန်းပေါ်အတူသွားထိုင်လိုက်ရင်း ဘေးနားချထားတဲ့လွယ်အိတ်ထဲကနေ တစ်ရှုးအစိုတစ်ထုပ်ကို သူယူဖောက်လိုက်တယ်။
"ကဲပါ လက်ကိုပြဦး ဘယ်လောက်တောင်ပွန်းသွားလဲ"
သူ့ကိုမကြည့်ပဲ လက်ကိုထိုးပေးလာတဲ့ကောင်ငယ်လေးပါပဲ။ ဖြုနုနေတဲ့အသားရည်ပေါ်မှာ ပွန်းပဲ့စတွေက ကြည့်လို့မကောင်းလှ။ တစ်ရှုးနဲ့ အနာပေါ်ကိုသန့်ရှင်းရေးလုပ်ပေးတော့ စပ်ဖျဥ်းဖျဥ်းဖြစ်ပုံရတယ်။ လက်လေးက ခပ်တွန့်တွန့်။
" ဘာလို့ ကိုယ့်ကို ဒီနေ့အကန်တွေချည်းလုပ်နေတာလဲ?"
အိတ်ထဲအမြဲဆောင်ထားဖြစ်တဲ့ ပလာစတာကို လှမ်းယူရင်းသူမေးတော့ ကြောင်ပေါက်ဟာ စူးခနဲတစ်ချက်ကြည့်တယ်။
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanfictionစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။