" လူနာနံပါတ် 99!! "
" ခများကို ခေါ်နေပြီလေ "
စပီကာကထွက်လာတဲ့ အသံအက်အက်ကျယ်ကျယ်နောက်မှာ ဒီကောင်လေးက လေသံနိမ့်လေးနဲ့ပြောတယ်။ မြက်ရှည်ရိုင်းတွေကြားက တိုက်ပျက်တစ်ခုနားမှာ ကိုယ်တို့ရဲ့ မီးခိုးရောင်ကားက ပုန်းဝှက်ဝှက်နဲ့။ နာကျင်စူးရှမှုတွေကို သိပ်မူမနေပဲ ငြိမ်သက်ပြီး နေဖို့ကို အာရုံရနေခဲ့တယ်။
" ငါမသွားချင်ဘူး "
မျက်မှောင်တွေကြုပ်ရင်းကိုယ်ပြောလိုက်တယ်။ ညနေခင်းက မှောင်စတွေရီဝေဝေရယ်။ ကားပြတင်းပေါက်တွေကိုဖြတ်ပြီး လေပြည်အေးတွေက ကရောသောပါးပြေးတယ်။ ပါးလှပ်လှပ် ဆေးရုံအင်္ကျီပေါ်က ဂျင်းဂျာကင်တစ်ထည်လောက်နဲ့အဆင်ပြေမနေခဲ့ဘူး။
" မပျော်ဘူးလားဟင်? "
ကောင်လေးက ရက်ရက်စက်စက်လည်း မေးတတ်သား။ ပကတိ မှိုင်းသွေ့သွေ့နဲ့ မျက်လုံးတွေဟာ တိမ်ဆိုင်တွေလို ဝေးကွာမှုကို ခံစားရတယ်။
ဒီကောင်လေးကို ဘယ်ကများစသိခဲ့ပါလိမ့်။ စဥ်းစားကြည့်တဲ့မှတ်ဉာဏ်တွေက အပိုင်းအစတွေ ကျိုးကျိူးပဲ့ပဲ့။ သူမှတ်မိတာတစ်ခုက ပထမဆုံးရက်ရဲ့ ညနေခင်းမှာ တိမ်ဝါတိုက်တွေ ညို့နေအောင်လှခဲ့တယ်။
လက်ပေါ်က စက္ကူလတ်ပတ်တွေကို ကိုယ်လှုပ်ခါပြလိုက်တယ်။ ကုဒ်နံပါတ်တစ်ချို့နဲ့ စက္ကူချပ်တွေက ကိုယ်လက်မခံချင်တဲ့ ဖြစ်တည်မှုကို သတ်မှတ်ထားတယ်။ မပျောက်သေးတဲ့ ဓားဒဏ်ရာအမာရွတ်တွေက ဖြူဖျော့ဖျော့ပါပဲ။
" သူတို့က ငါ့ကို ကုသပေးမယ်လို့ ပြောပြီး လိမ်ခဲ့တာ "
" ဒါနဲ့ဆို ဘယ်နှစ်ခါမြောက်ထွက်ပြေးတာလဲ? "
" ၅ခါ "
" လွတ်ခဲ့လား "
" ဟင့်အင်း "
" တကယ်လွတ်မြောက်အောင် ကျွန်တော် ကူညီပေးမယ်ဆိုရင်ကော? "
ကိုယ့်လက်ကောက်ဝတ်ပေါ်က အမာရွတ်ကို ခပ်ဖွဖွပွတ်သပ်ရင်း ကောင်လေးက ဆိုတယ်။ အနက်ရောင်မှောင်တဲ့ မျက်ဆံတွေမှာ စွဲ့ညို့ခြင်းတစ်ခုကို မြင်ရတယ်။
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanficစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။