နီယွန်မီးရောင်တွေ မှောင်သွားတဲ့အချိန်ကို သတိရမိသားပဲ။ ထိစပ်မိတဲ့ နှုတ်ခမ်းဖျားတွေမှာ စိုအိအိအထိအတွေ့ရာတွေကျန်ခဲ့တယ်။ အေးစက်နေတဲ့ဘရန်ဒီတွေက မူးမယ်လို့မခံစားနေရဘဲ မျက်စိမှိတ်ထားတာတောင် အာရုံမြင်နေရမဲ့လူတစ်ယောက်က အဲ့ညရဲ့ အိပ်မက်ဆန်မှုဖြစ်ခဲ့တယ်။
" ပုံပြင်တွေကို သဘောကျလား? "
ဖင်ဆီခံနားကပ်လာတဲ့ စီးကရက်လိပ်ကို ဖိချေနေတုန်းမှာ အဲ့ကောင်လေးက မေးတယ်။ ဘားရဲ့ မီးရောင်ညို့ညို့က အဲ့ကောင်လေးရဲ့ မျက်လုံးဝါညိုတွေကို ပိုတောက်နေစေခဲ့သလိုမျိုးပဲ။
" တစ်ခုနှစ်ခုတော့ သဘောကျပါတယ် "
" ပုံပြင်တွေရဲ့ အဆုံးသတ်ပြီးရင် ဘာဖြစ်မလဲ စဥ်းစားကြည့်ဖူးလား? "
မျက်နှာခြင်း နီးကပ်သွားအောင် အဲ့ကောင်လေးက ကိုယ်ကိုအရှေ့ကိုင်းပစ်တယ်။ ဘားခုံပေါ်မှာ သူတို့နှစ်ယောက်အတွက် နေရာလုံလုံလောက်လောက်မရှိတော့တဲ့ပုံအတိုင်း။
တစ်ဖက်က ကလပ်ခန်းရဲ့ ဆူညံသံကနားထဲ သဲ့သဲ့ဝင်သေးတယ်။ ကောင်လေးဆီက အာရုံလွှဲဖယ်ဖို့ကြိုးစားနေမိတာလားတောင်မသိဘူး။
" အဆုံးသတ်တွေမှာ ဘာရှိမှာမလို့လဲ ? "
" မရှိဘူး ဗလာပဲ ။ ပျော်ရွှင်စွာပြီးဆုံးသွားကြလေသတည်းဆိုတဲ့ ပုံပြင်တွေတောင် အဲ့ဒီစာကြောင်းနောက်မှာ ဗလာနတ္ထိအဆုံးသတ်သွားတာ "
ဘရန်ဒီကိုမော့သောက်ပစ်ရင်း အဲ့ကောင်လေးက ပြောတယ်။ ဘားတစ်ခုရဲ့ညို့သွေးမှုတွေဟာ အဲ့ကောင်လေးဆီမှာတိတိကျကျပျော်ဝင်နေခဲ့ကြသလိုမျိုးပဲ။
" အင်း နည်းနည်းစိတ်ဓာတ်ကျစရာပဲ"
"ဟုတ်တယ်မလား။ ပုံပြင်ဆန်တဲ့ဘဝကိုလူတွေက လိုချင်ကြပေမဲ့ ပုံပြင်တွေက စိတ်ညစ်စရာကောင်းအောင် အဆုံးသတ်ကြတာမေ့နေကြတယ် "
"အဲ့တာဆို မင်းရော? ပုံပြင်တွေကိုသဘောကျလား? "
မေးခွန်းကို ကောင်လေးဆတ်ခနဲခေါင်းငြိမ့်တယ်။
"ဘာလို့လဲ?"
" ဇာတ်ကြောင်းပြန်ပြောရတဲ့အခါ အရသာရှိသလိုပဲ။ "
![](https://img.wattpad.com/cover/377512727-288-k746280.jpg)
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanfictionစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။