ထွေလေလေစိတ်တွေက ပျင်းတွဲ့တွဲ့နိုင်တယ်။ ဘာမြင်မြင်အရေးမပါဘူးလို့ တွေးနေတဲ့ သူစိတ်ရဲ့အစိုးမရခြင်းတွေက အသံတိတ်နှိပ်စက်နေသလိုပါပဲ။
အိမ်ထဲမှာ မရှင်းရသေးတဲ့ စာရွက်အပိုင်းအစတွေက ဟိုစ်ပုံဒီတစ်ပုံရယ်။ ထမင်းစားပွဲခုံပေါ်က မကျက်တကျက်ခေါက်ဆွဲပြုတ်ရယ်။ အေးစက်လှပြီဖြစ်တဲ့ကော်ဖီတစ်ခွက်ဟာလည်းငြိမ်သက်။
စိတ်များပါလာမလားလို့စမ်းလုပ်ကြည့်ထားတဲ့ အိမ်ရှေ့ကြမ်းပြင်က ပုံဆက်ပဟေဠိကားချပ်တစ်ခုက အပိုင်းအစသုံးလေးခုကလွဲ ကျန်တာတွေဟာပြန့်ပြဲ။ သူမကြည့်ပဲဖွင့်ထားတဲ့ တီဗီကနေ ဇာတ်လမ်းတစ်ချို့လာနေတယ်။ ဟာသပေမဲ့မရယ်မိ။ ကြေကွဲစရာပေမဲ့ မငိုမိ။ ခံစားချက်ပျောက်ခြင်းက တစ္ဆေတစ်ကောင်လိုဘက်တိုက်တယ်။
သူလက်ထဲမှာ သောက်ဖို့ယူထားတဲ့ စီးကရက်နဲ့ မီးခြစ်ကို ကြမ်းပြင်ပေါ်ခပ်လျှောလျှောပစ်ချလိုက်တယ်။
ဆိုဖာပေါ်တောင်မထိုင်ပဲ ကြမ်းပြင်ပေါ်သူ လှဲချလိုက်တယ်။လောကကြီးက ဒီနေ့အတွက်တော့ စိတ်ပျက်စရာပဲ။
"ဒါက ဘယ်လို ပရမ်းပတာနိုင်နေမှုတုန်း!?"
အသံစူးစူးလေးကိုသူကြားရတယ်။ အပေါ်ကနေမိုးကြည့်လာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းတွေက ဆူပုတ်ပုတ်ရှိနေတယ်။ ချစ်သဲရဲ့ စိတ်မကြည်မှုပဲ။ သူ့နှုတ်ခမ်းထောင့်က ဒီနေ့အတွက် ပထမဆုံးအနေနဲ့ သဘောတကျတွန့်သွားတယ်။
"မင်းလာပြီပေါ့ ဒါလင်"
"ဒါကျွန်တော်နောက်ကျလို့စိတ်ကောက်ပြနေတာလား?"
ချစ်သဲရဲ့ ခေါင်းလေးက လှုပ်တုပ်တုပ်နဲ့။ ပုတ်ခတ်ပုတ်ခတ်မျက်တောင်တွေက သူ့ဖြစ်နေတဲ့ပုံစံကို နားမလည်တဲ့ဟန်ပါပဲ။
"မသိသာဘူးလား?"
သူမေးတော့ ကောင်လေးကဘေးဘီဝဲယာဝေ့ဝိုက်ကြည့်တယ်။ ဆိုရရင် သူဖွထားတဲ့အမှိုက်ပုံတွေပေါ့။
သက်ပြင်းခိုးချသံလေးကို ချစ်သဲဆီကကြားရတယ်။ ကောင်လေးက ဝတ်ထားတဲ့ ကာကီရောင်ဆွယ်တာလေးတောင် မချွတ်နိုင်သေးဘူး။ မျက်ဝန်းရွှန်းလေးတွေက သူ့ဆီမှာပဲတည်နေဆဲ။ ဒါကိုလည်း ကျေနပ်မိသလိုပါပဲ။
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanficစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။