"ဘယ်သူမှမသိဘူးလေ"
နားနားကပ်ပြီးတိုးတိုးပြောတဲ့အခါ ကောင်လေးငယ်က တံတောင်ဆစ်နဲ့ ခပ်ကြိတ်ကြိတ်တွတ်တယ်။ Photo booth ကျဥ်းကျဥ်းထဲမှာ ကောင်လေးဆီကရေမွှေးနံ့ကရှတတရယ်။ မျက်နှာငယ်လေးက သူ့ကို မျက်နှာချင်းဆိုင်ဖို့ကို ဟိုလှည့်ဒီလှည့်နဲ့။ ကိုယ့်အပေါ်မကျေနပ်ချင်းတွေကို အပြင်ကလူတွေမကြားအောင် ခပ်ကြိတ်ကြိတ် ရေရွတ်နေသေးတယ်။
"ချစ်သောပဲ ကိုယ့်ကို အတင်းတိုးဝင်ခိုင်းပြီးတော့"
"ဓာတ်ပုံရိုက်ဖို့လေ ဓာတ်ပုံရိုက်ဖို့"
"တခြားဟာလည်းလုပ်လို့ရပါတယ်"
မှင်သေသေကိုယ့်အပြောမှာ နှာခေါင်းတွေရှုံ့ပြီး မျက်မှောင်ကြုတ်တဲ့ကောင်လေးရယ်ပါပဲ။ ရင်ထဲက ဝါဂွမ်းစတွေ အိကျိအိကျိဖြစ်နေမှုကို ဘယ်လိုပြောပြရပါ့မလဲ။ ပြောရုံနဲ့မရ ပြရင်တော့ ရမှာပေမဲ့ ဒီကောင်လေးပိစိက ကလေးဆိုးလေးဖြစ်နေတယ်။
"အားရှီး ချွဲယောန်ဂျွန်း ဘယ်လိုဖြစ်နေတာလဲ"
"အချစ်တွေပိုနေတာ"
ပိတ်ထုလိုက်တဲ့ လက်ဆကတော့ ပြောင်သား။ ကျယ်ကျယ် ကျယ်ကျယ် မဖြစ်သွားခင်မှာ ဓာတ်ပုံရိုက်ဖို့ကိုပဲ ကိုယ်တို့ ဦးတည်လိုက်ရတယ်။ ထပ်ထုခံရရင် ခေါင်းများကွဲမလားထင်မိလို့။
ချစ်သောဒါလင်နဲ့ ပုံတွေမှာ အသည်းပုံမျိုးစုံ ပလူပျံအောင်ပိုစ့်ပေးနေရင်းက ဘာစိတ်ကူးပေါက်မိတယ် မသိပေမဲ့ စိတ်ကူးတစ်ခုတော့ရတယ်။
"ဘေဘီ ခေါင်းကို ဒီလိုလေးစောင်း နှစ်ယောက်ဒီလိုရှုထောင့်မျိုးဆို မိုက်တယ်လေ"
ဓာတ်ပုံထဲအာရုံရောက်နေတဲ့ ကလေးငယ်က တုံနိဘာဝေနဲ့ လိုက်လုပ်တယ်။ အခွင့်ရတဲ့ကိုယ်ဟာလည်း လက်မြန်ခြေမြန်ပါတယ်။
အထင်းသားပေါ်လာတဲ့ လည်တိုင်သွယ်လေးကို လက်နဲ့အသာ ပွတ်သွယ်ရင်း စောင်းငဲ့နေတဲ့ ကောင်လေးနှုတ်ခမ်းတွေကို ဖိဖိကပ်ကပ်နမ်းရှိုက်လိုက်မိတယ်။တစ်စက္ကန့်က ဘယ်လောက်ကြာလဲ။ ဒါလင်နဲ့ဆို နစ်မျောမှုက သံသရာတစ်လျှောက်ပါပဲလေ။
Photo booth အတွင်းထဲမှာ ကြိတ်တိုးဆူပူသံတွေက နည်းနည်းညံသွားတယ်။ နှစ်ယောက်သားထွက်လာတဲ့အခါ ချွဲယောန်ဂျွန်းဟာ သူ့ခေါင်းသူကိုင်ရင်းရှုံ့မဲ့လို့ရယ်။
အပြင်က ကင်မရာသမားတွေကတော့ ဟိုကြည့်ဒီကြည့်ပဲ။ အထဲမှာ hidden cameraတပ်ထားကြောင်းပြောမိရင် သူတို့ရှေ့မှာ လူသတ်ပွဲများဖြစ်သွားမလားလို့။-end-
ဒါလေးက အပေါ်မှာတင်ထားတဲ့ပုံလေး ထွက်လာတုန်းက ရေးဖြစ်တာပါပဲ။
![](https://img.wattpad.com/cover/377512727-288-k746280.jpg)
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
أدب الهواةစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။