"ဘာက ထူးထူးခြားခြားပြောင်းလဲသွားတာလဲ?"
"ဘာကမှမဟုတ်ပါဘူး"
သူက ခပ်ပေါ့ပေါ့ပဲပြန်ဖြေတယ်။ ခပ်စစကြည့်တဲ့ မျက်လုံးဝိုင်းတွေမှာ ကလူကမြူရိပ်တွေသန်းတယ်။
" ဘာကမှမဟုတ်ပါဘူး။ ဘာကမှ မပြောင်းလဲသွားပါဘူး ယောန်ဂျွန်းဟျောန်း"
သူကထပ်ပြောတယ်။ သူလုပ်နေကျ နားငြီးစရာကောင်းတဲ့အသံမျိူးနဲ့ ထပ်ထပ်ပြီးရေရွတ်တယ်။ သံချပ်လိုက်နေသလိုမျိုး။ သံယောင်လိုက်နေသလိုမျိုး။
အဲ့လိုမျိုးနဲ့ ချွဲဘောမ်ကယူဟာ စိတ်ရှုပ်ဖို့ကောင်းတယ်။
သူတို့မှီထားတဲ့ ဝရန်တာလက်ရန်းဟာ ယိုင်နဲ့နဲ့ရယ်။ နည်းနည်းလောက် ထပ်ဖိမိရင်ပြိုကျတော့မလိုမျိုး။
ညနေရိပ်မှာ ကားမီးရောင်တွေက ခပ်စစဖြစ်လာကြတယ်။ ဆူညံသဲ့တဲ့ ပတ်ဝန်းကျင်လေထုမှာ သူတို့နှစ်ယောက်ရဲ့ စကားသံက ခပ်အုပ်အုပ်ပဲ ထွက်လာကြတယ်။
" မင်းငါ့ကို မကြိုက်ခဲ့တာမဟုတ်ဘူးလား? "
" မပြောဖူးပါဘူး။ ဘယ်တုန်းက ပြောလဲ? ဘယ်သူပြောလဲ ? "
ချက်ချင်းပြန်ဖြေတဲ့အခါမှာ တုံ့ပြန်စကားထွက်ဖို့ နည်းနည်းဆွံ့အရတယ်။ ခေါင်းက အချိန်တစ်ခုကိုပြန်သွားဖို့ အလုပ်လုပ်ကြည့်ပေမဲ့ သိပ်မထူးလှဘူးပဲ။ အဲ့လိုနဲ့ မရေမရာအသံတစ်ခုကပဲ ထွက်လာတယ်။
" ဒီအတိုင်း ကြားခဲ့တာ "
သူကရယ်တယ်။ ခွီခနဲပဲ။ ပြီးတော့ ခပ်ဟဟရယ်သံမျိုးက ကျယ်ကျယ်လောင်လောင်အနေနဲ့ထွက်လာတယ်။ ပျော်သွားတဲ့ပုံမျိုး။
" ဘာက ရယ်စရာပါလို့လဲ?
မေးခွန်းကြောင့် သူကမျက်နှာပိုးသပ်တယ်။ ဒါတောင် ပြုံးစိစိဖြစ်နေတုန်းပဲ။
" ဒီအတိုင်း တွေးမိလို့ "
သံတူကြောင်းကွဲ ပြန်ဖြေတဲ့ပုံစံဟာ ဖိချိုးပစ်ချင်စရာ ခဲသားချောင်းလိုပဲ။ စိတ်ကို တလှုံ့လှုံ့ဆွပေးတဲ့ ရစ်သီခြင်းတွေဟာ ညောင်းချိစရာကောင်းလွန်းတယ်။
" ဘာတွေးမိတာလဲ? "
သူက အဝါရောင်ချည်အနားသပ် ဆွယ်တာအနက်ရောင်ထဲ ပိုကျုံ့ဝင်သွားအောင်နေတယ်။ ပြီးတော့ ရယ်စစအသံနဲ့ပဲ ပြန်ဖြေတယ်။
![](https://img.wattpad.com/cover/377512727-288-k746280.jpg)
YOU ARE READING
ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|
Fanfictionစိတ်ရဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်။