အသက်အရွယ်ကန့်သက်ချက်များပါဝင်သည့်အခန်းမို့ အသက်မပြည့်သေးသော ကလေးငယ်များဖတ်ရန်မသင့်တော်ပါ
Mature on⚠
ချမ်းမြှနှေ့င့်ချိုစကားကောင်းနေကြရင်း ဆိုင်အနောက်ဘက်ကဝေယံထွက်လာသည်။အောင်ခန့်ကျော်ကိုမြင်တော့ မျက်နှာတစ်ချက်ပျက်သွားတာကလွဲ ချမ်းမြှဆေီ့တည့်တည့်ဦးတည်လာ၏။ချိုကဝေယံကိုမြင်တော့ ပြုံးလို့နှုတ်ဆက်၏။ဝေယံကလည်းအသိအမှတ်ပြုသည့်သဘောအနေဖြင့် ပြန်၍ပြုံးပြလာသည်။
"မတွေ့ရတာကြာပြီနော်ချို"
"သုံးလလောက်ပါပဲ"
ချိုကပြောတော့ ချမ်းမြှကေ့ရယ်သည်။
"ချမ်းမြှငေါ့ခေါက်ဆွဲသွားလုပ်ပေးလိုက်အုံးမယ်"
ဝေယံထွက်သွားတော့ ချမ်းမြှေ့ရော၊ချိုရောကပါ အောင်ခန့်ကျော်ထိုင်နေတဲ့စားပွဲဆီလျှောက်လာကြသည်။ချိုကအောင်ခန့်ကျော်ဘေးဝင်ထိုင်ပြီး ချမ်းမြှကေ့တော့မျက်နှာချင်းဆိုင်ဘက်အခြမ်း၌ဝင်ထိုင်သည်။
"ကိုအောင်ခန့်ကျော်ရောအလုပ်တွေအဆင်ပြေရဲ့လား"
"ပြေပါတယ်ဗျာ...မြဝတီဘက်မှာဆိုင်ဖွင့်ဖို့လုပ်ထားတာလေးတော့ရှိတယ်...အဲ့အလုပ်တစ်ခုကပဲတော်တော်အချိန်ယူနေတာ"
"ကိုအောင်ခန့်ကျော်တို့ကတော်တယ်နော်"
ချမ်းမြှအေ့ပြောကိုသဘောကျသွားသည့်ဟန်။
"အဲလောက်လည်းမဟုတ်ပါဘူးကွာ"
စကားလက်ဆုံကျနေကြရင်းမှ ဝေယံကခေါက်ဆွဲနှစ်ပွဲကိုဗန်းတစ်ခုထဲထည့်ရင်း သယ်လာ၏။
"ကျွန်တော့်ဆိုင်မှာတော့ဧည့်ခံစရာဆိုလို့ခေါက်ဆွဲပြုတ်ပဲရှိတယ်ဗျာ"
"ကိုယ့်လူရောအဆင်ပြေရဲ့လား...ဆိုင်ကဝန်ထမ်းတစ်ယောက်လောက်တော့ထားသင့်တယ်...မဟုတ်ရင်ကြာရင်သိသာလာမယ်နော်"
"ဒီလိုပါပဲဗျာ...အခုတော့ကျွန်တော့်ကောင်လေးကဝင်ကူပေးတယ်လေ...ဝန်ထမ်းတော့မခေါ်တော့ပါဘူး...ပြီးတော့ကျွန်တော့်ဆိုင်ကလည်းလက်မလည်အောင်ရောင်းနေရတာမျိုးမှမဟုတ်တာ"
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"