🌠Unicode🌠
ကော်ဖီဆိုင်ရဲ့ ဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ ဝိုင်းတစ်ခုမှာသာ မုဟွားနဲ့သူ ထိုင်ဖြစ်ခဲ့ကြသည်။
"ရိပေါ်...နင်ရော အိမ်ထောင်ကျနေပြီလား"
သူ့လက်မှာဝတ်ဆင်ထားဆဲဖြစ်တဲ့စေ့စပ်လက်စွပ်ကလေးကို မေးဆတ်လို့မေးလာသည်။
"ဟိုကလေးနဲ့ပဲ မဟုတ်လား...ငါထင်ပါတယ်...နင်တို့တွေ အရင်ကတည်းက ဒီလောက်ချစ်နေကြမှတော့ ဒါမျိုးတွေဖြစ်လာကြမယ်ဆိုတာ"
"ဒါက ငါနဲ့ညီရဲ့ စေ့စပ်လက်စွပ်ဆိုတာတော့ မှန်ပါတယ်...ဒါပေမယ့် ငါတစ်ယောက်တည်းပဲ ဝတ်ရတော့မှာ"
"...."
မုဟွားက ခေါင်းစောင်းပြလို့ ဘာလို့လည်းဆိုတာ မေးချင်နေပုံရသည်။
"စေ့စပ်ပွဲပျက်သွားခဲ့ပြီလေ...ခုဆို ညီ့မှာ ငါမဟုတ်တဲ့ အခြားတစ်ယောက်လည်း ရှိနေပြီ"
မျက်နှာမကောင်းတော့တဲ့သူ့ကိုမုဟွားက အားနာသွားပုံရသည်။
"ဟို..sorryပါရိပေါ်...ငါ ဒီတိုင်း မလိုအပ်ပဲ စပ်စုမိသွားတယ်"
ရပါတယ်ဆိုတဲ့ သဘောမျိုးနဲ့ သူ ပြုံးပြလိုက်ရသည်။
"ငါကျောင်းပြီးကတည်းက မားရှိတဲ့ အင်္ဂလန်ကိုပြောင်းသွားဖြစ်တာ...ငါ့အမျိုးသားလောင်းကိုလည်း ဟိုမှာပဲတွေ့ခဲ့တာလေ"
စကားလမ်းလွှဲပေးခဲ့တဲ့မုဟွားကြောင့် သူတို့စကားဝိုင်းကအနည်းငယ်တော့အဆင်ပြေသွားခဲ့သည်။
မှာထားတာတွေရလာတာမို့ စားသောက်ကြရင်း အကြောင်းရာတစ်ချို့ပြောဖြစ်ကြသည်။
"ခု...ဒီကိုပြန်လာတာကလည်း ငါ့မင်္ဂလာဆောင်အတွက်ပဲ..တရုတ်မှာအရင်ဆောင်ပြီးမှ အင်္ဂလန်မှာတစ်ခါထပ်ဆောင်ဖြစ်မယ်"
"...."
"ငါ့ကောင်လေးက နောက်၃ရက်လောက်နေမှ ဒီကိုလိုက်လာမှာ..ဒီကြားထဲ တစ်ချို့ကိစ္စတွေစီစဥ်ရမှာ...နင့်ငါနဲ့အတူလိုက်ပြီးကူညီပေးပါလား"
"???"
"နင်လည်း အသည်းကွဲနေတာမဟုတ်လား...ပြေပျောက်လိုပြေပျောက်ညား ငါ့မင်္ဂလာဆောင်အတွက် လိုက်ကူညီပေးပေါ့ဟ...ဟီးးး"
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::