Part-6

160 11 0
                                    

Unicode
ရင်နင့်.......
အပိုင်း(၆)

ကျောင်းဆင်းချိန်..

ထမင်းဘူးလေးပိုက်ပြီး အေးချမ်းခပ်သွက်သွက်လမ်းလျှောက်လာခဲ့သည်။ နေ့ခင်းက မိုးကျထားသဖြင့် ရာသီဥတုက ဟိုငေးသည်ငေးနှင့် လမ်းလျှောက်ကောင်းသော်လည်း သူကတော့ ဘာကိုမှမငေးနိုင်ပါ။

အိမ်ကိုအချိန်မီပြန်ရောက်ပြီး နောက်မကျခင် ထမင်းအိုးတည်ထားချင်စိတ်သာ ကြီးစိုးနေ၏။ ထိုမှသာ သူအရိုက်အနှက်ခံရခြင်းမှ သက်သာမည်ကို။ ထို့ကြောင့် မပြေးရုံတမယ်လေး လျှောက်လာစဉ်..

"ဘုတ်"

"အမေ့..."

တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်လေးကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်သွားသဖြင့် အေးရိပ်လက်ထဲ ထမင်းဘူးလွတ်ကျသွားသလို လူကလည်း မြေပြင်ပေါ် ဟက်ထိုးမှောက်သွားတော့သည်။

"ဟား... ဟား"

"သူလဲသွားတာ ဖားကျနေတာပဲ ရယ်စရာကြီး ဟီးဟီး"

"ဖားမကြီး ဖားမကြီး လာကြည့်ကြပါဦး ဟားဟား"

လှောင်ပြောင်ရယ်မောသံကြောင့် မော့ကြည့်လိုက်တော့ အောင်အောင်တို့အဖွဲ့။ သူ့ကိုတမင်တိုက်ချလိုက်ပုံရသည်။

"အား.. ကျွတ်.. ကျွတ်.."

ဒူးနေရာ၌ပွန်းပဲ့ကာ နာပြီးစပ်နေတော့ အေးချမ်းဘာမှမတုန့်ပြန်နိုင်သေး။ မျက်နှာလေးမဲ့ကာ ညည်းညူရင်း ထမင်းဘူးကိုအရင်ကောက်လိုက်သည်။ ပြီးတော့မှ ထော့နဲ့ထော့နဲ့နှင့် ထလိုက်ပြီး

"မင်းငါ့ကို တမင်တိုက်တာ မဟုတ်လားအောင်အောင်"

"ဟုတ်တယ်လေ.. ဘာဖြစ်လဲ"

အောင်အောင်က မခန့်လေးစားအမူအရာနှင့်ပင် လှောင်ပြသေးသည်။ အေးရိပ်မခံရပ်နိုင်စွာပင်

"ငါမင်းကို ဆရာမနဲ့တိုင်မှာနော်"

"တိုင်လေ.. မင်းကိုဘယ်သူဂရုစိုက်မှာလဲ"

"နင့်လိုအရက်သမားသားကိုများ ငါ့အဒေါ်ကအရေးလုပ်မယ်ထင်လား"

ရီရီမွန်မွန်က နှုတ်ခမ်းတထော်ထော်နှင့်ဝင်ပြောသည်။ အေးချမ်းမျက်ရည်တွေရစ်ဝဲချင်လာ၏။ အတန်းပိုင်ဆရာမက ရီရီမွန်၏အဒေါ်ပဲဖြစ်သည်။ ခွဲခြားတာမျိုးထက် သူ့ကိုဆို မကြည်မဖြူဖြစ်တတ်သည်။ သူကဘာကြေးနေနေ အမြဲတမ်းမပေးနိုင်တော့ အခန်းထဲလည်း မျက်နှာငယ်ရသည်။

ရင်နင့်... Where stories live. Discover now