Unicode
ရင်နင့်.......
အပိုင်း(၇)April (8) ရက်၊ 2006 ခုနှစ်...
"Happy Birthday to You"
"Happy Birthday သုတဉာဏ်"
ဟုတ်သည်.. သည်နေ့က သုတဉာဏ်၏(၁၁)နှစ်မြောက်မွေးနေ့ပဲဖြစ်သည်။ ကြင်နာဂရုစိုက်တတ်သည့်မိဘနှစ်ပါး၏စီစဉ်ပေးမှုဖြင့် သုတ၏မွေးနေ့ကာ သူငယ်ချင်းစုံစုံလင်လင်နှင့် လှလှပပလေးကျင်းပနိုင်ခဲ့သည်။
အိမ်ရာဝန်းထဲက လူကြီးတွေအတော်များများလည်း သုတဉာဏ်၏မွေးနေ့ကို လာကြသည်။ လက်ဆောင်လေးတွေပါ ယူလာပေးကြ၏။ မိဘတွေက အိမ်ရာဝန်းတွင် ကောင်းသည့်ဂုဏ်နှင့်နေနိုင်သူမို့ လူချစ်လူခင်များပြီး တလေးတစားရှိကြသည်မှာ မဆန်းတော့ပေ။
လက်ဆောင်တွေတပွေ့တပိုက်ကြီးရလျက် သူငယ်ချင်းတွေအများကြီးနှင့် မွေးနေ့လေးစည်စည်ကားကားကျင်းပနိုင်သော သုတဉာဏ်ကိုကြည့်ပြီး အေးချမ်းဝမ်းသာရသလို အားကျရင်းလည်း ဝမ်းနည်းမိပါ၏။
သူ့ဘဝမှာတော့ သည်တစ်သက် သည်လိုမွေးနေ့မျိုး ကျင်းပခွင့်ရမည်မဟုတ်တော့ဘူး ထင်ပါရဲ့။
"ချမ်း.. ရော့"
ကိတ်မုန့်ခွဲပြီးတော့ သုတက သူ့ကိုပထမဆုံးခွံ့ကျွေးသည်။ သည်လိုမွေးနေ့မျိုးပိုင်ဆိုင်ခွင့်မရသည့်တိုင် အရာရာတွင် သူ့ကိုဦးစားပေးတတ်သည့် သုတဉာဏ်ရှိနေခြင်းအတွက်ကိုတော့ ကြည်နူးမိပါ၏။
ကိတ်မုန့်ခွဲပြီးတော့ တစ်ဝန်းလုံးကို ကြာဇံဟင်းခါးကျွေးပါသည်။ ကလေးတွေကတစ်နေရာထိုင်ပြီး လူကြီးတွေက သက်သက်ထိုင်ကြရသည်။ သို့သော်..
"ဒီမှာလာမထိုင်နဲ့ သွား..."
"ဟုတ်တယ် .. နင်နဲ့မထိုင်ချင်ဘူး"
အောင်အောင်တို့အဖွဲ့က သူ့ကိုအထိုင်မခံဘဲ နှင်ထုတ်ကြသည်။ တစ်ဖက်ကကလေးဝိုင်းမှာလည်း လူပြည့်နေပြီဖြစ်၏။ သုတဉာဏ်ကလည်း ဆွေမျိုးဘက်ကသူတွေနှင့် စကားပြောနေတော့ အေးချမ်းမှာဘာလုပ်ရမှန်းမသိသဖြင့် ဝမ်းနည်းအားငယ်စွာ ရပ်နေမိစဉ်..
"အေးချမ်း သား.. လာ.. ဒီမှာထိုင်"
သုတဉာဏ်၏အမေက သူ့ကို ခုံလွတ်နေသည့်အောင်အောင့်နားတွင် လာထိုင်ခိုင်းနေတော့..
YOU ARE READING
ရင်နင့်...
General Fiction"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျို...