အပိုင်း(၂၉)

696 52 2
                                    

၃နှစ်ခန့်အကြာ....
မြန်မာနိုင်ငံ၊အပြည်ပြည်ဆိုင်ရာလေဆိပ်

"အမေဒါကျွန်တော်မွေးဖွားရာနိုင်ငံလား"

"အွန်းဟုတ်တယ်"

"နည်းနည်းလွမ်းစရာလေးနော်"

"အများကြီးမစဉ်းစားနဲ့နော်၊ခေါင်းပြန်ကိုက်လိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ဒီနေရာကကိုယ့်မြေဆိုသည့်အတွက်လွမ်းစရာခံစားချက်ကိုရသင့်တယ်ဆိုပေမယ့်အခုဟာကတစ်စုံတစ်ခုကိုလွမ်းသလိုမျိုးခံစားချက်ကိုရ‌နေမိသည်။

"အစ်မ"

"အင်း"

"ဆေးသောက်လိုက်ပါဦး"

"အွန်း"

"သခင်မလေး"

"ဘာဖြစ်ပြန်ပြီလဲ"

"သခင်မလေးမယ်တော်.."

"လာခဲ့မယ်လို့ပြောလိုက်"

"ဟုတ်ကဲ့"

၃နှစ်တာအတွင်းစောဒေဝီဘဝဟာ‌အများကြီးပြောင်းလဲလာခဲ့သော်လည်းသူမ ချစ်သူအပေါ်ထားတဲ့အချစ်ကတော့ခုထိရှင်သန်နေဆဲသာဖြစ်သည်။

"မယ်တော်၊အစာစားရမယ်လေ"

"ဟင့်အင့်ငါမစားချင်ဖူး"

"အဲ့လိုလုပ်လို့မရဖူးလေမယ်တော်ရဲ့"

"ငါမစားချင်တာကိုစားခိုင်းရင်အ‌ဖေနဲ့တိုင်ပြောမှာနော်"

"ကျန်သူအကုန်ထွက်သွားကြ"

"ညီမလေးလုပ်လိုက်မယ်အစ်မကနားတော့နော်"

"ရပါတယ်မယ်တော်ဆေးသောက်ပြီးမှအိပ်တော့မယ်"

"ဒေဝီသခင်မကြီးဘာဖြစ်လို့လဲ"

"မြတ်မင်း၊အရက်နံတွေထောင်းနေတာကိုဒီအခန်းထဲဝင်လာတယ်ပေါ့!!!"

"ဟို...နည်းနည်းလေးဘဲသောက်.."

"ဒီမယ်ကိုမြတ်မင်း၊ရှင်ထွက်သွားလိုက်တာပိုကောင်းမယ်ထင်တယ်နော်"

"ဒါမယ့်..."

"အရှေ့ကလူတွေဘာကြည့်‌နေတာလဲဒီလူကိုဆွဲထုတ်သွားကြစမ်း"
~
"ပိုးဟန်နီ"

"အမေ့ဒီကလေးမကိုလွှတ်ခိုင်းပါဦးဖက်ထားတာအသက်ရူကြပ်တယ်"

စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရWhere stories live. Discover now