Teddy telegram channel လေးဖွင့်လိုက်ပါတယ်။ ကလေးတို့နဲ့ဆက်သွယ်ဖို့ပေါ့နော် joinပေးကြမယ်လို့ထင်ပါတယ်
tg link - https://t.me/teddy_bear_1429"ဟင်"
ကျွန်တော်ရဲ့ရင်ခွင်ထဲဝယ်လှပသည့်အမျိုးသမီးဟာမျက်စိစုံမှိတ်ကာနေလေသည်။
"ဒေါ်ဒေါ်ရလား"
"ရ..ရပါတယ်"
"စော"
"ဟင်ဘယ်လိုခေါ်လိုက်တယ်"
"စောလို့ခေါ်လိုက်တာလေ၊မမှတ်မိတော့ဖူးလား"
မျက်နှာ..မျက်နှာဟာဟန်နီမျက်နှာနဲ့အနည်းငယ်သာဆင်သော်လည်းဝတ်ပုံစားပုံဟာသိပ်ကိုတူလှသည်။
"မင်း..မင်းငါ့နာမည်ကိုဘယ်လိုသိတာလဲ"
"ကိုယ့်ချစ်သူနာမည်ကိုယ်မသိဘဲနေမလားဗျာ"
ကိုယ့်ချစ်သူ..အခုလေးတင်သူ့ပါးစပ်ကနေကိုယ့်ချစ်သူလို့ပြောလိုက်တာလား
"ဒေါ်ဒေါ်"
"ပိုးဟန်နီမင်းကကောဘာလာလုပ်တာလဲ"
"ဒီနားလေးလာရင်းဒေါ်ဒေါ့်ကိုတွေ့လိုက်လို့ပါ"
"စော...မှတ်မိသေးလားဒီသစ်ပင်ဆီကိုဘယ်လိုဘဲဖြစ်နေနေဒီချိန်ဒီနေ့မှာအရောက်လာရမယ်ဆိုတဲ့စကားကိုလေ"
"မင်း..မင်းဒါကိုဘယ်လိုသိတာလဲ"
"ကျွန်တော့်နှလုံးသားထဲစွဲထင်နေလို့ပါစောရယ်"
"ဟန်နီ...ဟန်နီလား"
"နောက်ဆုံးတော့စောမှတ်မိပြီဝမ်းသာလိုက်တာစောရယ်"
ဘာလို့များဒေါ်ဒေါ်နဲ့သူ့ဘေးကမိန်းကလေးအကြည့်ချင်းဆုံနေတာကိုငါ့နှလုံးသားကနာကျင်နေသလိုဖြစ်နေရတာလဲ။
"ဟန်နီ..ဟန်နီစောလွမ်းနေခဲ့တာ"
"တူတူပါဘဲစောရယ်"
လှည့်ထွက်လာမိသည်။ဒီမြင်ကွင်းဟာတစ်ခြားသူအမြင်မှာဘယ်လိုလဲမသိပေမယ့်ငါ့အတွက်တော့နာကျင်ရသည်။သိပ်ကိုနာကျင်ရသည်။
~~
"အချစ်ကြီးလိုက်တာဟန်နီရယ်""စောလည်းတူတူပါဘဲ၊ခုထိဟန်နီ့ကိုစောင့်နေသေးတာမို့လား"
"ပြန်လာမယ်ဆိုတာယုံကြည်လို့ပေါ့"
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
عاطفيةဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ