မနက်ခင်းအစောမိုးလေးတွေအနည်းငယ်ရွာစပြုနေချိန်ကောင်မလေးတစ်ယောက်ဟာအပြင်သွားဖို့ပြင်ဆင်နေသည်။
"သမီး"
"ရှင်အမေ"
"သမီးဦးလေး လေးမောင်ကိုခေါ်သွားပါလား"
"မလိုပါဖူးမေမေရယ်"
"မိုးရွာနေတုန်းမို့ကားမောင်းရတာအဆင်မပြေမှာဆိုးလို့ပါသမီးရယ်"
"မိုးကအရမ်းရွာနေတာမှမဟုတ်တာမေမေရဲ့၊ပြီးတော့အိမ်ကလည်းအရမ်းမဝေးဖူးလေ"
"သမီးအဆင်ပြေရင်ပြီးတာပါဘဲကွယ်၊သေချာတော့မောင်းသွားနော်"
"ဟုတ်မေမေဒါဆိုတာ့တာ၊အာဘွားဖေဖေနဲ့လေးမောင်လည်းနှုတ်ဆက်တယ်ပြောလိုက်ဦးနော်"
"စကားကိုအဲ့လိုမပြောရဖူးလေ၊သွားပြီလို့ပြောလိုက်ဦးဆိုပြီးပြောရတယ်ကွဲ့"
"ဟီးဟုတ်ကဲ့ပါမေမေရဲ့၊ဒါဆိုသွားပါပြီရှင့်"
"ဂရုစိုက်မောင်းနော်"
~
ဒီနေ့စောစိတ်တွေလေးလံမိနေသည်။ဘာကြောင့်လေးလံနေသလဲဆိုတာခုချိန်ထိအဖြေရှာမရပေ။"သခင်မလေး"
"ဟင်၊ဒေါ်ပုလာလေ"
"အောက်မှာသခင်မငယ်လေးရောက်နေပါတယ်"
"ညီမလေးရောက်နေတာလား"
"ဟုတ်ပါတယ်"
"ဟယ်ကြားသားမိုးကြိုး"စောင့်နေခိုင်းလိုက်နော်ဒေဝီခဏနေဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့ပါ"
~
"အဆင်ပြေရဲ့လားသမီးတော်""အဆင်ပြေလို့အခုလိုမြင်နေရတာမဟုတ်ဖူးလား"
"ခုချိန်ထိမယ်တော်တို့ကိုစိတ်မပြေသေးဖူးလားကွယ်"
"စိတ်ပြေစရာအကြောင်းရှိလို့လား"
"သမီးတော်ရယ်"
"ညီမလေး"
"အစ်မဒီနေ့အိမ်မှာတင်နေနော်"
"ဟယ်ဘာလို့လဲ"
"နေဆိုနေပေါ့ရှင်၊ဘာလို့ပြန်မေးနေတာလဲ"
"ဟုတ်ပါပြီ၊မနက်စာစားပြီလားမစားရသေးရင်စားကြမယ်လေ"
"မယ်တော်လည်းအဲ့တာပြောနေတာညဉ်းညီမကမစားဖူးကြည့်ဘဲ"
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Romanceဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ