"ဆေးရုံကားသံတွေ ဘာလို့ဒီလောက်သွားနေရတာလဲဒေါ်ပု"
"ကျွန်တော်မျိုးမလည်း မသိပါဖူး သခင်မလေး"
တူ...တူ
"ဟယ်လိုညီမလေးပြော"
"...."
"ဟင်ဘာဖြစ်တယ်"
"..."
"ငါခုချက်ချင်းလာခဲ့မယ်"ဒေါ်ပု၊ဦးနောင်ကို ကားအဆင်သင့်ထုတ်ထားဖို့ပြောလိုက်"
"ဟုတ်ကဲ့သခင်မလေး"
~
"ကားနဲ့တိုက်တဲ့လူကိုစုံစမ်းပါ၊၁ရက်အတွင်းအမြန်ဆုံးမိစေချင်တယ်၊ငါပြောတာကြားလား""ဟုတ်ကဲ့ကြားပါတယ်သခင်မလေး"
"ဟန်နီမောင်၊နင်အသက်ရှင်နေဦးမှ ဖြစ်မယ်နော်"
"သမီးလေး.."
"ငမောင်"
"စောကိန္ဒြေ၊နင်ကဒီဘယ်လိုရောက်နေတာလဲ"
"မောင်မောင်၊သမီးလေးကိုအရင်ရှာပါ"
"အစ်မစိတ်မပူနဲ့နော်၊ပိုးဟန်နီကအရေးပေါ်ခန်းထဲ ရောက်နေပြီ၊သူအဆင်ပြေမှာပါ"
"အဲ့တာကြောင့်မနက်က မောင်မောင်ကို ခေါ်သွားပါလို့ ပြောရက်နဲ့၊ခုတော့ ဖြစ်ပြီ"
"အစ်မရာမငိုစမ်းပါနဲ့၊တူမလေး ဘာမှမဖြစ်လောက်ပါဖူး"
အရေးပေါ်အခန်းထဲဝယ်ယွန်းသေတ္တာလေးကိုကျစ်ကျစ်ပါအောင်ကိုင်ပြီးအသက်လုနေသောမိန်းမငယ်လေးတစ်ဦး၊ဆရာဝန်တွေ ဘယ်လောက်ဘဲယွန်းသေတ္တာကိုယူယူ ဘယ်လိုမှယူမရကြပေ။နောက်ဆုံးမရတဲ့အဆုံးကိုင်ရက်သားနဲ့သာ အသက်ကယ်နေရလေသည်။
"ညီမလေး"
"အစ်မ"
"ဘာဖြစ်သွားသေးလဲ"
"ဟင့်အင့်ဘာမဖြစ်ဖူးဒါမယ့်ပိုးဟန်နီ...ပိုးဟန်နီ"
"ပိုးဟန်နီလေးဖြစ်တာလား"
"ဟုတ်..ဟင့်"
"မိန်းမ"
"ကိုရေလုပ်ပါဦးဟင့်"
"ဘာမဖြစ်နဲ့၊ကိုရောက်လာပြီ၊ကို့သမီးကို ကိုရအောင်ကယ်မယ်၊တိတ်တော့နော်"
"ဟင့်..."
ခဏအကြာ
"စောကိန္ဒြေမင်းကဘာလာလုပ်တာလဲ!!""ကိုအောင်ထွဋ်ကျွန်မ.."
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Storie d'amoreဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ