ဒီနေ့ဟာစောကိုတရားဝင်ပိုင်ဆိုင်လိုက်ရသည့်နေ့လည်းဖြစ်သလိုစောနဲ့ဟန်နီလက်ထပ်တာ၁လပြည့်တဲ့နေ့လည်းဖြစ်သည်။
"မိန်းမရေ"
"ကဲ..အဲ့နာမည်ခေါ်ပြန်ပြီလား"
လက်ထပ်ပြီးသည့်နေ့မှစပြီးစောကိုချစ်လွန်းလို့မိန်းမရေလို့ခေါ်တိုင်းစောကစိတ်ကောက်တတ်သည်။အဲ့လိုစိတ်ကောက်နေတာကိုချစ်လွန်းလို့ကျွန်တော်ကလည်းအမြဲစတတ်သည်။
"မိန်းမမို့မိန်းမလို့ခေါ်တာလေမိန်းမရဲ့""အဲ့လိုခေါ်တာမကြိုက်ပါဘူး"
"ဒါဆိုမိန်းမကမိန်းမမဟုတ်ဘူးလားမိန်းမရဲ့"
"ပြောလေကဲလေပါလား"
"ဘာများမှားလို့လဲမိန်းမရဲ့"
"တော်ပြီလို့ဆိုနေ"
"ဘာဖြစ်လို့လဲမိန်းမကလည်း"
"ကဲ..."
"ဟီးမနက်စာဘာချက်လဲလို့"
"ဟန်နီကြိုက်.."
"မိန်းမရဲ့"
"တော်ပြီမလုပ်ပေးတော့ဘူး"
"အယ်စတာကိုဗျာအဲ့လိုစိတ်ဆိုးရဘူးလေ"
"မကြိုက်ဖူးလို့ပြောနေတာကိုခဏခဏစနေတာမဟုတ်ဘူးလား"
"အယ်ဗျာ၊ဘာလို့မျက်ရည်ကျရတာလဲအချစ်ရဲ့"
"ဟန်နီမှစောပြောတာနားမထောင်တာ"
"ဟောဗျာ၊အဲ့တာနဲ့ဘဲငိုစရာလားကွယ်"
"ငိုမှာဘဲ"
"ဟန်နီကဘဲတောင်းပန်တယ်နော် တိတ်တော့ မငိုနဲ့တော့ နောက်ကျမပြောတော့ဘူး"
"ကတိပေး"
"ကတိပါမိန်းမရဲ့"
"မြင်လားအခုတောင်ပြောနေတာ"
"ဟောဗျာ..မငိုပါနဲ့ဆို"
"မခေါ်တော့ဘူး"
"ဟောတော်"
"..."
"ရွှေစိတ်တော်ငြိုးရင်ကျုပ်မှာပြာယာနေတာ၊သူမျက်စောင်းလေးထိုးကာ အလွန်းဘဲခံစားရ အပြုံးလေးတွေကြောင့် ထွက်မသွားအောင်ပြုစုပျိုးထောင်ကာ ကျုပ်ရဲ့နတ်သမီးအလှတရားကိုဘယ်သူယှဉ်မလဲကွာ သူစိတ်ကောက်တဲ့အခါဆူပုတ်ပုတ်လေးပါ"
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Romanceဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ