နေရာအနှံလိုက်ရှာသော်လည်းလုံးဝမတွေ့သောကြောင့်စောရင်တွေပူလှပြီ။
"မရရအောင်မြေလှန်ရှာကြ!!!""ကျွန်တော်တို့အစွမ်းကုန်လုပ်နေပါတယ်"
"သခင်မလေး CCTV မှတ်တမ်းရပါပြီ"
"ရပြီလားပေးဒီကို"
CCTVမှတ်တမ်းတွင်
"အဲ့တာဆိုဒီနားမှာခဏစောင့်နေ၊အန်တီအိမ်ထဲကနေသွားယူလိုက်မယ်"
ဒေဝီထွက်သွားပြီးမကြာလူတစ်ယောက်ဝင်လာသည်။သူတို့ပြောသောစကားများကိုမကြားရသော်လည်း ဟန်နီမျက်နှာတွင်စိုးရိမ်မှုတို့ရှိနေသည်။သေချာတာကတော့ဝင်လာတဲ့တစ်ယောက်တစ်ခုခုပြောလိုက်ခြင်းကြောင့်ဖြစ်မည်။
"အဲ့နားကိုရပ်လိုက်""ဟုတ်ကဲ့"
"အဲ့မျက်နှာ..အဲ့မျက်နှာမြင်ဖူးတယ်"
"နွေဦးကြိုင်!!!"
"တောက်စ်!ပျောက်သွားလို့အသိတရားရပြီမှတ်နေတာခုတော့သူကပလန်ချပြီးလာလုပ်တာကို"
"ဘယ်လိုလုပ်ရမလဲ"
"စိတ်အေးအေးထား၊ညီမလေးရအောင်ရှာပေးမယ်နော်"
~
"ပြောတော့အဖေ့ဆီဆိုခုကဘယ်နေရာကြီးလဲ""ရောက်ရင်သိမှာပေါ့"
"ငါမသွားတော့ဖူးငါ့ကိုပြန်ပို့ပေး"
"ဘယ်လိုဖြစ်နေတာလဲဒီမှာကားမောင်းနေတာမမြင်ဖူးလား"
"ဒါဆိုကားကိုပြန်လှည့်၊ငါမလိုက်ချင်တော့ဘူး"
"တောက်စ်!!ငြိမ်ငြိမ်နေစမ်း!!"
"ဟင့်အင့်အခုချက်ချင်းကားပြန်လှည့်"
"ကားမှောက်သွားမယ်ငြိမ်ငြိမ်နေ!!!"
"ကားပြန်လှည့်လို့!!ကားပြန်လှည့်!!!"
"ပြောနေတာကိုငြိမ်ငြိမ်မနေဖူး!!"
"ကားပြန်လှည့်လိုက်!!!"
ကားစတီယာတိုင်ကိုလက်ဖြင့်ဆွဲလိုက်သည်ကြောင့် ဘေးအခြမ်းကကားနှင့်တိုက်ကာလမ်းဘေးချောက်ထဲကျသွား၏။
"အစ်မ..ရလား""ဟင့်အင့်အဆင်မပြေဖူး၊ဟန်နီတစ်ခုခုဖြစ်ပြီလားမသိဘူး"
"မဖြစ်ပါဘူးအစ်မရယ်၊အရမ်းမတွေးပါနဲ့"
![](https://img.wattpad.com/cover/374197621-288-k448936.jpg)
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Romanceဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ