အခန်း (၁၈) နဂါးတစ်ကောင်နှင့်တွေ့ဆုံခြင်း
"...နဂါး?"
"အင်း"
"အဲ့လိုဆင်တူတာမျိုးနဲ့တော့တစ်ခေါက်တွေ့ ဖူးတယ်"
'နင့်ကြီးဒေါ် မို့...ဆင်တူတယ်"
သူပြောသည့်ဆင်တူတာမျိုးဆိုတာဘာမှန်း Cale သိပါသည်။
အလင်းမဲ့တောအုပ်။
Choi Han ဆိုလိုသည်မှာ အလင်းမဲ့တောအုပ်အတွင်းရှိ ရက်စက်ကြမ်းကြုတ်သောမကောင်းဆိုးဝါးအကောင်များအားဆိုလိုသည်။ ထိုသို့ကြောက်ဖို့ကောင်းသည့်သတ္တဝါများထဲမှ တချို့ သတ္တဝါအကောင်များမှာ ပုတ်သင်ညို နှင့် နဂါးအကြားဆင်သည့်အကောင်များဖြစ်သည်။
Choi Han သည်သူ၏အမှောင်ဖြိုခွင်းဓါးသိုင်းအား အလယ်အလတ်အဆင့်မှ နောက်ဆုံးဖိုင်နယ်အဆင့်သို့တိုးတက်လာသည်နှင့်တစ်ပြိုင်နက် ထိုနဂါးနှင့်ဆင်သောအကောင်ကြီးအား သတ်ဖြတ်ခဲ့လေသည်။
"တွေ့ ဖူးတယ်လား? ဘယ်လိုလဲ?"
ယင်းအဖြစ်အပျက်အားမသိလေဟန်ဆောင်ကာ Choi Hanအား Caleမေးကြည့်သည်။
အခုCaleအခန်းတွင်းတွင် Choi Hanအပြင် အခြားအပြင်လူရှိမနေပေ။
"...အဲ့ဒါကမကောင်းဆိုးဝါးကြီး"
"ဘယ်လိုကြောင့်?"
"သူ့ရဲ့ အသွင်အပြင်၊ သူ့ရဲ့ ခွန်အား၊ အကုန်လုံးပဲ သူ့ရဲ့ တစ်ကိုယ်လုံးကမကောင်းဆိုးဝါးဖြစ်နေတာ"
"အဲ့လိုလား?"
Cale ခေါင်းကိုအသာညိတ်ပြီး စကားကိုဆက်သည်။
သို့သော် သူ၏အမူအရာနှင့် စကားမှာလုံးဝဆန့်ကျင်ဖက်ပင်။
"အဲ့လိုဆို မင်းနဂါးကိုမမြင်ဖူးသေးဘူးပဲ"
"ဗျာ?"
"နဂါးဆိုတာလူတွေလိုပဲ"
"ကလက်~"
ချိုချဥ်အရသာနှစ်မျိုးလုံးရသည့် လီမွန်ဖျော်ရည်အား စားပွဲပေါ် တွင် Cale အသာချလိုက်သည်။
ထို့နောက် သူ့အားစူးစမ်းလိုစိတ်ဖြင့်ကြည့်နေသည့် Choi Hanအား Caleဆက်ပြောသည်။
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️