"ဝင်လာခဲ့လေ"
Cale ကအခန်းထဲသို့ဝင်လာရန်လက်ပြလိုက်တော့ Cage က Taylor ၏ဝှီးချဲကိုတွန်း၍ဝင်လာလေသည်။ သုံးယောက်သားနေရာမှာထိုင်လိုက်သည်နှင့် Cale ကစားပွဲပေါ် တွင်ရှိနေသာအရက်ပုလင်းကိုတစ်ချက်မျှပင်မကြည့်ဘဲ အမေးပြုလိုက်သည်။
"ခင်များတို့လိုချင်တာကဘာလဲ?"
ပုံမှန်အတိုင်း Cale ၏အသံကအေးစက်စက်ဖြင့်မာရေကြောရေရှိနေ၏။ သို့သော်လည်း ထိုအချက်ကTaylor အားသူ့ရှေ့တွင်ထိုင်နေသောသူသည် အမိူက်သရိုက်ဆန်သောလူတစ်ယောက်မဟုတ်မှန်းပို၍သေချာသွားစေပါသည်။ ပြောရရင် ထိုသူကလူတော်တော်များများတွေးထင်ထားတာထက် ပိုပြီးထက်မြက်နေလောက်သည်။
Taylor ဒီကိုလာရခြင်းအကြောင်းမှာ Cale နှင့်အရက်သောက်ဖို့တစ်ခုတည်းမဟုတ်။ အရက်ဆိုတာက သင်ယုံကြည်စိတ်ချသောသူတို့နှင့် သက်တောင့်သက်သာသောက်နိုင်မှအရသာရှိလေသည်။ တခြားသူများနှင့်သောက်သည်ဆိုတာကတော့ စကားပြောချောစေရန်နှင့် တစ်ဖက်လူအပေါ် အကဲခတ်ချင်လိုသည့်အတွက်ဖြစ်သည်။
"ကျွန်တော့်ကိုဘယ်လိုလူမျိုးလို့ထင်လဲ သခင်လေး Cale"
ထိုမေးခွန်းအားကြားလိုက်ရသော Cale သည် Taylor အားတိတ်တဆိတ်အကဲခတ်လိုက်ကာ သူ၏အိပ်ယာဆီသို့ထသွား၍ ရူံ့ အိတ်လေးတစ်ခုကိုကောက်ယူလိုက်သည်။ ထို့နောက် ယင်းအိတ်လေးအားယူဆောင်လာကာ စားပွဲပေါ် သို့တင်လိုက်သည်။
ကလန်။
သတ္တုတို့အချင်းချင်းထိမိသံမှာအခန်းတွင်းပြည့်နှက်လို့သွားပြီး ရှုံ့ အိတ်လေးသည်လည်းအနည်းငယ်ပွင့်ဟလို့သွား၏။ အိတ်အတွင်းတွင်တော့ ရွှေ၊ ငွေ နှင့် ကြေးပြားအမြောက်အများရှိနေလေသည်။
Cale ၏ယုံကြည်မှုအပြည့်ရှိနေသာအသံမှာအခန်းတွင်းဖုံးလွှမ်းသွားသည်။
"အခုလို တစ်နိုင်ငံလုံးရဲ့အထက်တန်းလွှာတွေအကုန်လုံးကမြို့တော်ကိုအာရုံစိုက်နေတဲ့အချိန်မှာ ခင်များတို့ ဘာအကြောင်းကြောင့်နဲ့အဲ့ဒီ့ဆီဦးတည်ချင်လဲ ကျွန်တော်မသိဘူး ဒါပေမယ့် အဲ့လို ခြင်္သေ့ဂူထဲတိုးဝင်နေတဲ့ခင်များတို့လိုလူမျိုးတွေကျွန်တော့်ဆီကနေလိုချင်တာတစ်ခုပဲရှိတယ်"
![](https://img.wattpad.com/cover/379584849-288-k323008.jpg)
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️