UNICODE
အခန်း (၃) : မျက်လုံးတွေကိုဖွင့်ကြည့်တော့ (၂)
Words Count: 4877
သူ့ရှေ့တွင်ချထားသော ဟင်းပွဲများအား Cale သည် တစ်ချက်ဝေ့ဝိုက်ကြည့်ပြီးနောက် သူ မမြင်ဖူးတဲ့ ဆလပ်သုပ်ဆီသို့ ခရင်းကိုရွေ့လိုက်သည်။ အသား၊ စွပ်ပြုတ်၊ ပေါင်မုန့်တွေနဲ့ ဗိုက်ကိုဖြည့်ပြီးတဲ့နောက် အသစ်အဆန်းတစ်ခုခုသူစားကြည့်ချင်နေမိသည်။
ထိုအသီးကား ကြည့်လိုက်ရင်တော့ လိမ္မော်သီးနဲ့တူပေမယ့် အနီးကပ်ကြည့်ကြည့်ရင်တော့စပျစ်သီးရောင်နဲ့ဆင်တူသည်။ Cale ထိုအသီးကိုတစ်ကိုက်ကိုက်ကြည့်လိုက်တော့ -
"အင်းး!"
တစ်ခဏတွင်းချင်းပဲ အသီးရဲ့အချိုရည်ဟာ ပါးစပ်တွင်းပျံ့နှံ့သွားလေသည်။ သူကအချဉ်သီးတွေကိုအရမ်းမုန်းတာမို့ ဤအလွန်ချိုလှတဲ့အရသာက သူ့အား သားရည်ကျစေပါသည်။
ထိုအချိန်မှာပဲ သူ့အားကြည့်နေသော သူ့အဖေ Deruth နဲ့သူမျက်လုံးချင်းဆုံမိသွားမိတော့သည်။
"Cale"
Deruth တစ်ယောက် Cale နာမည်အား ခဏမျှတွေဝေပြီးမှ လှမ်းခေါ် သည်။ သည့်နောက်
သူဘာဆက်ပြောရမလဲဆိုသည်အား Deruth သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေဟန်ရှိသည်။ယင်းသို့ ကြိုတိုးအန်းတန်းအခြေအနေမျိုးကို
သူ မကြိုက်တာမို့ Cale ကပဲအရင်စ
စကားစပြောလိုက်သည်။"စားလို့အတော်လေးကောင်းပါတယ်"
"ဟုတ်တယ် အမိူက်လိုအရသာ...ဟမ်? မင်းအခုအရသာရှိတယ်လို့ပြောလိုက်တာလား?"
"ဟုတ်...အကုန်လုံးအရသာရှိပါတယ်"
ထို့နောက် သူသည် အခြားအသီးတစ်ခုကို ရွေးစားကြည့်ကာ အချိုအရသာကိုခံစားရင်း ခပ်ရေးရေးပြုံးပြလိုက်သည်။
ဒီအမိူက်ကောင် Cale Henituse ဆိုတာယဉ်ကျေးမူတွေဘာတွေလဲ ဂရုစိုက်တာမှမဟုတ်ဘဲ။ ဒီအိမ်ရဲ့အိမ်ထောင်ဦးစီး သူ့အဖေနဲ့စကားပြောနေတုန်း ဒီလိုအပြုအမူမျိုးမလုပ်သင့်ဘူးဆိုပေမယ့် ဘာပဲဖြစ်ဖြစ်သူကနဂိုတည်းက အမိူက်ဇာတ်ကောင်ပဲလေ။
![](https://img.wattpad.com/cover/379584849-288-k323008.jpg)
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasíaအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️