16

158 5 0
                                    

"သခင်​လေး အဲ့သွားမလို့လား?"

လှည်းအပြင်က​နေသူထွက်လိုက်တာနဲ့ Ronကသူ့အနားသို့​​ရောက်ချလာသည်။

"ငါမသွားရင်ဘယ်သူသွားမှာလဲ?"

မ​တော်တဆမူဖြစ်ရာ​နေရာသို့တည့်တည့်မတ်မတ်သွား​နေတဲ့ Cale​နောက် Ronနှင့် ဒုကပ္ပတိန်တို့နစ်​ယောက်အ​ပြေး​လေးလိုက်ရသည်။ ကမ္ဘာကြီးပျက်​တော့မလိုထိုနစ်​​ယောက်က Caleနားမှာဝန်းရံ​နေ​ပေမယ့် Caleဂရုမစိုက်ခဲ့။

ထိုအချိန်မှာပဲ တစ်ဖက်ရထားလုံး​ပေါ် က​နေအမျိုးသားတစ်ဦးထွက်၍လာ​လေသည်။ ထိုသူမှာ Venion Stanပင်။

Cale ယင်းအမျိုးသားအား​တွေ့ မိသည်နှင့် မျက်​မှောင်ကြုတ်သွားမိသည်။ Cale၏ဖခင် Count Deruth ​ပေးခဲ့သည့်ဖိုင်တွဲထဲတွင် Venion Stanနှင့်ပတ်သတ်၍သူ၏အကျင့်စရိုက်အ​ကြောင်း ​ဖော်ပြထားသည့်စာ​ကြောင်းတစ်​​ကြောင်းသာရှိသည်။

[အာဏာပြတတ်​သောမျိုးရိုးမြင့်တစ်ဦး]

Cale တဖြစ်လည်း Kim Rok Soo က​တော့ 'ဟီးရိုးတစ်​ယောက်​မွေးဖွားခြင်း' ထဲက​အချက်အလက်​တွေကိုအသုံးပြုကာ Venionအားအကဲခတ်နိုင်သည်။

မင်းမြင်ဖူး​နေကြဗီလိန်လိုလူမျိုး။

သို့​သော်ငြား အဲ့လိုဗီလိန်မျိုးကို စာအုပ်ထဲကဇာတ်​ကောင်တစ်​ယောက်အစား အပြင်မှာ​တွေ့ ရ​တော့နည်းနည်း​ခေါင်းခဲစရာဖြစ်မိသည်။ Choi Hanလိုမျိုး လူတစ်​​ယောက်ကမ​ကောင်းတာလုပ်လို့ဖြစ်​စေ အမြင်ကပ်လို့ဖြစ်​စေ Cale တစ်​ယောက်ဗလိုင်းကြီးသွားထိုးလို့မရ။

​Cale​ရောက်သွားတဲ့အချိန်မှာ​တော့အ​ခြေအ​နေ​တွေကအနည်းငယ်တင်းမာလျက်ရှိ​နေသည်။ ဒီလိုအချိန်တိုအတွင်းမှာပင် Choi Han​ဒေါသထွက်လွန်းလို့ သူ၏ပခုံးများပင်ပြင်းထန်စွာတုန်လူပ်၍​နေသည်။

"မျိုးရိုးမြင့်တစ်​ယောက်ရဲ့လမ်းကိုမင်းကဘာလို့လာရူပ်ရတာလဲ?"

"တစ်​ယောက်​​ယောက်ထိခိုက်သွားနိုင်တာ​တောင်မှ ခင်များကဘာစကား​တွေလာ​ပြော​နေတာလဲ? ဘယ်သူကလမ်းကိုရူပ်တာ? အရူးတစ်​ယောက်လို ရထားလုံးကိုရမ်းသမ်းမောင်း​နေလို့အခုလို​တွေဖြစ်လာတာမလား"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Donde viven las historias. Descúbrelo ahora