ညသန်းခေါင်အချိန် ပဟေဠိမြို့ အစွန်အဖျားနားရှိ နှစ်ထပ်တိုက်အိမ်လေးတွင်ဖြစ်သည်။
နေရာတစ်ခုလုံး၏အလင်းရောင်ဆိုလို့ ပြတင်းပေါက်မှဖြာကျနေသည့် ဒီအိမ်ငယ်လေး၏ပထမထပ်မှမီးရောင်တစ်ခုသာရှိနေသည်။
ထိုအိမ်၏ပိုင်ရှင်ဖြစ်သူ Marquis Stan ၏အကြီးဆုံးသား Taylor မှာမျက်မှောင်ကြုတ်လျက်။
"ဘာတွေဖြစ်နေတာလဲ?"
"သေစမ်း...အား...ခဏလေး..ကျွန်မကိုအခုစကားလာမပြောနဲ့ဦး"
သေမင်း၏ဘုန်းတော်ကြီး[¹]ဖြစ်သည့် Cage သည်နာကျင်လွန်းသောကြောင့် သူမ၏ခေါင်းကိုကိုင်ဆုပ်ထားရသည်။
ကလန်။
သူမလက်ထဲမှဘီယာခွက်သည်ကြမ်းပြင်ပေါ် သို့လွတ်ကျသွားခဲ့၏။
Taylor နှင့်သူလူသုံးယောက်တို့သည်လည်းသူမနားသို့လျင်မြန်စွာရောက်ချလာကြသည်။
"ဘာလဲ? ဘုရားသခင်ကမင်းကိုတစ်ခုခုထပ်ပြီးပြောနေလို့လား?
သူမအား Taylor စိုးရိမ်စိတ်ဖြင့်ကြည့်မိသည်။ သေဆုံးခြင်း၏ဘုရားသခင်မှာမကြာမကြာ Cage အားစကားလာပြောလေ့ရှိသည်။
ထိုအရာမှာတစ်နေ့ရုတ်တရက်ကြီးထဖြစ်ခဲ့တာဖြစ်ပြီး အခုလိုမျိုးလည်းရံဖန်ရံခါပေါ် လာတတ်သည်။ Cage သည်ထိုအကြောင်းအရာအား Taylor နှင့် သူ၏ငယ်သားသုံးယောက်ကိုသာပေးသိခဲ့၍ ဘုရားကျောင်းတော်မသိအောင်ဖုံးကွယ်ထားခဲ့သည်။
"အား!...စိတ်ရူပ်ဖို့ကောင်းလိုက်တာ"
အချိန်ခဏမျှရုန်းကန်နေခဲ့ပြီးနောက် Cage သည်နေရာမှခုန်ထလိုက်ကာ ခပ်သုတ်သုတ်ပင်အိမ်၏အနောက်ပေါက်ဆီသို့ဦးတည်သွားလိုက်သည်။
သူမမှာသူမ၏ခေါင်းကိုဆုပ်ကိုင်ထားနေဆဲအခြေအနေဖြင့်အနောက်ဖက်ပေါက်သို့ယိုင်တိယိုင်တိုင်သွားနေပေမယ့်လို့ သူမ၏အကြည့်များမှာထိုတံခါးပေါက်မှမခွာ။
သူ၏လက်အောက်ငယ်သားများအားနောက်သို့ဆုတ်နေရန် Taylor ပြောလိုက်ပြီးသူ၏ဝှီးချဲကိုတွန်းကာ Cage နောက်သို့လိုက်လိုက်သည်။
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️