28

14 1 0
                                    

ကလက်။

ရထားလုံးဟာစတင်​ရွေ့ လျားခဲ့​လေပြီ။

​မြှောင်~~။

On နဲ့ Hong တို့​မောင်နှစ်မနှစ်​ယောက်သည် သူတို့နှင့်တစ်ဖက်တစ်ချက်ဆီမှာထိုင်လို့​နေကြသည့် Taylor နှင့် Cage တို့ကိုတစ်ချက်ကြည့်လိုက်၍ Cale ​ဘေးနားသို့တိုးကပ်ထိုင်ကြသည်။

"အခုပြုလုပ်မယ့် ဘုရင့်ပွဲ​တော်အခမ်းအနားနဲ့ပတ်သတ်ပြီး သခင်​လေး Cale သိထားတာများရှိသလား?"

သူ့အားစကားစလိုက်သည့် Taylor အား Cale အကြည့်လွှဲလိုက်သည်။ Taylor မှာအရက်နာကျ​နေသည့် Cage နှင့်ယှဥ်လျှင်​တော့​ကြည်လင်လန်းဆန်း​နေဆဲ။ ​​ပြောရရင် သူက Cale ထက်ပင်ပို၍လန်းဆန်းတက်ကြွ​နေပါ​သေးသည်။ ဒီ​ပျော့ညံ့တယ်ဆိုတဲ့ပုံစံမျိုး​ပေါ် ​နေတဲ့ မျိုးရိုးမြင့်မှာ သူတို့သုံး​ယောက်ထဲတွင်အသောက်နိုင်ဆုံးဖြစ်​လေသည်။

Cale သူ့အားစိုက်ကြည့်​နေသည့် Taylor အားပြန်၍အ​ဖြေပြန်​ပေးလိုက်သည်။

"ဒါကျွန်​တော့်ရဲ့ နန်းတွင်းကိုပထမဆုံးသွားခြင်းပါ...လွန်ခဲ့တဲ့သုံး​ လေးနှစ်​လောက်တုန်းကကျင်းပခဲ့တဲ့ အရှေ့​မြောက်အရပ်ကမျိုးရိုးမြင့်​​တွေရဲ့ ဆွေး​နွေးပွဲတစ်ခု​လောက်ကိုပဲကျွန်​တော်​တက်ရောက်ခဲ့ဖူးပါတယ်...ဘာလို့များလဲဗျ?"

ဒီအ​ကြောင်းအရာကိုအာလပ္ပသလာပ္ပ​ပြောဖို့​လောက်အတွက်သာ Taylor အစ​ဖော်ခဲ့တာမဟုတ်။ သူထိုသို့စကားစလိုက်ရခြင်းမှာ Cale ၏ စာနာ​ထောက်ထားမှုအတွက် သူသိထားရတဲ့အချက်အလက်အချို့ ကို​ Cale အားပြန်ဝေမျှ​ပေးချင်၍ပင်ဖြစ်သည်။

"တခြားမဟုတ်ပါဘူး...သခင်​လေးသိထားတဲ့အတိုင်းဒီတစ်​ခေါက်အခမ်းအနားဆိုတာ ကျွန်​တော်တို့ရဲ့လက်ရှိဘုရင်မင်းမြတ် အသက်ငါးဆယ်ပြည့်​မွေး​နေ့မင်္ဂလာဆင်နွှဲဖို့​လေ"

"ပြည်သူ​တွေစိတ်​ကျေနပ်​စေမယ့်​ပျော်ပွဲရွှင်ပွဲကြီးတစ်ခု​ပဲပေါ့"

ထိုပြည်သူထဲတွင်သူမပါဝင်သည့်အတိုင်း Cale က​ပြော​နေသည်ကိုကြား​တော့ Taylor စူးစမ်းချင်မိသွားသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Donde viven las historias. Descúbrelo ahora