22

15 2 0
                                    

ပ​ဟေဠိမြို့ ၏စစ်​ဆေးဂိတ်ကိုအလွယ်တကူဖြတ်သန်းပြီးသည့်​နောက် Henituse မိသားစု၏​ရွှေလိပ်ရထားလုံးမှာ လက်​ထောက်အိမ်ထိန်း Hans ၏လမ်းညွှန်မှုဖြင့်တည်းခိုစရာ​နေရာသို့​ရောက်လို့လာ၏။

"အ​နောက်အရပ်မြို့ ​​​တော်မှာတုန်းကထက်ကျဥ်းသားပဲ"

"အင်း...ကျဥ်းတယ်"

On နဲ့ Hong တို့၏စကားအား Cale ​ခေါင်းငြိမ့်လိုက်ကာရထားလုံးပြတင်း​ပေါက်အပြင်ဖက်သို့လှမ်းကြည့်လိုက်သည်။

"အဲ့ဒါကမြို့​တော်အထိ​တော့ငါ့​နောက်လိုက်မလာ​လောက်ဘူးမလား?"

Choi Han ၏​ပြောကြားချက်အရ အနက်​ရောင်နဂါး​လေးမှာသူတို့​နောက်သို့အကွာအ​ဝေးခပ်လှမ်းလှမ်းမှလိုက်နေခဲ့တာဖြစ်ပြီး မနက်အ​စောပိုင်းစားစရာများလာချပြီးသည့်​နောက်တွင် ထွက်​ပြေးသွားတတ်သည်။

"ဒီ​လောက်ဆိုးရွားတဲ့ဘဝမှာ​နေခဲ့ပြီးတာ​တောင်မှအဲ့နဂါး​​လေးကရိုးသားဖြူစင်​သေးတဲ့က​လေး​လေးတစ်​ယောက်လိုပဲ...ချစ်ဖို့​ကောင်းတယ်"

'...အဲ့​လောက်လည်းမဟုတ်ပါဘူး'

တက်ကြွစွာ​​ပြောဆို​နေတဲ့ Choi Han ၏စကားအားနား​ထောင်ရင်း Cale ထိုကဲ့သို့စဥ်းစား​နေမိသည်။

အဲ့နဂါး​​ တောင်ကြီးတစ်ခုလုံးကို​ဖောက်ခွဲတာကိုမြင်သွားပြီးရင်​​​​တော့ Choi Han တစ်​​ယောက် 'ချစ်ဖို့​ကောင်းတယ်' ဆိုတဲ့စကားလုံးကိုယင်းနဂါးကို​ဖော်ပြတဲ့​နေရာမှာအသုံးပြု​တော့မှာမဟုတ်​တော့။

လူသား​တွေကိုမုန်းတီးတယ်လို့​ပြောပြီး ဘာ​ကြောင့်သူ့​နောက်​တောက်​လျှောက်လိုက်​နေလဲဆိုတာ Cale စဥ်းစားမတတ်​ပါ။

ထိုအ​ကြောင်းအရာက Cale အားအကြပ်ရိုက်​စေသည်။

ကိစ္စများမှာသူ​မျှော်လင့်ထားသလိုဖြစ်လာမ​နေပါ။

နဂါး​လေးမှာငယ်ရွယ်​သေးတာ​ကြောင့် Marquis ပိုင်​မြေမှထွက်သွားကာ သူ၏စွမ်းအား​ကိုတိုးတက်​အောင်လုပ်ဖို့ရာအတွက် သူ့ကိုယ်ပိုင်​နေရာတစ်ခုဖန်တီး​​လောက်မည်ဟု Cale ​တွေးခဲ့မိသည်ဖြစ်သည်။ ထိုသို့ပိုမိုအစွမ်းထက်လာပြီးသည့်​နောက် ဒေသကြီးအတွင်းစစ်ပွဲဖြစ်​ပေါ် မလာခင် Marquis ၏​နေရာကြီးတစ်ခုလုံးကိုယင်းနဂါးကမီး​လောင်တိုက်သွင်းပစ်​စေဖို့ Cale ​မျှော်လင့်ထားခဲ့​မိသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Where stories live. Discover now