Cale တို့၏ရွှေလိပ်ရထားလုံးသည် Roan နိုင်ငံ၏မြို့တော် Huiss ၏တောင်ဘက်ပိုင်းသို့ဖြေးညှင်းစွာဦးတည်သွားလေသည်။
ပြည်သူတို့မှာ မကြာမီကျရောက်တော့မည့်ပျော်ပွဲရွှင်ပွဲကြီးအတွက်ပြင်ဆင်ရင်းအလုပ်ရူပ်နေကြလျက်ရှိသည်။
ရထားလုံးပြတင်းမှအသာလှစ်ဟထားသည့်လိုက်ကာကြားမှအပြင်သို့ငေးကြည့်ရင်း Cale တွေးတောမိသည်က-
'နောက်သုံးရက်လောက်ဆို Choi Han ပြန်ရောက်သင့်ပြီ'
အရူးတစ်ယောက်လိုအပြေးအလွှားမလာမချင်းတော့ သူဒီကိုသုံးရက်ကြာပြီးနောက်မှရောက်လာပါမည်။ Rosalyn နှင့် Lock ကိုတစ်ပါတည်းသူနှင့်အတူခေါ် လာရမှာဖြစ်သလို Lock ကိုသွားခေါ် ရင်း လျှို့ ဝှက်အဖွဲ့ အစည်းနဲ့ထိပ်တိုက်တွေ့ မိမှာဖြစ်သဖြင့် သူ့အားသုံးရက်ထပ်ပင်ပို၍နောက်ကျမှရောက်လာနိုင်စေလောက်သည်။
မူရင်းဝတ္ထုထဲတွင်တော့ Choi Han မှာဝံပုလွေပြာမျိုးနွယ် (Blue Wolf Tribe) မှတစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်ခဲ့သော ဝံပုလွေဘုရင်၏မျိုးဆက်ဖြစ်သူ Lock နှင့်တွေ့ ဆုံပြီးနောက်တွင် လျှို့ ဝှက်အဖွဲ့အစည်းတို့နှင့်နောက်ထပ်တစ်ကြိမ်ထပ်၍ထိပ်တိုက်တိုးမိလေသည်။
ထို့နောက်တစ်ဖန် မြို့တော်တွင်ဖြစ်ပေါ် လာသောအကြမ်းဖက်တိုက်ခိုက်မှုကြီးတွင်လည်း လျှို့ ဝှက်အဖွဲ့ အစည်းနှင့် Choi Han မှာတွေ့ ဆုံပြန်လေသည်။
အလင်းမဲ့တောအုပ်အပြင်ဖက်တွင်ရှိသော Choi Han ၏နားခိုရာ Harris ရွာကလေး။
ယင်းလျှို့ ဝှက်အဖွဲ့ အစည်းဆိုသည်မှာ ထိုရွာကလေးရှိရွာသားများအားလုံးကိုသုတ်သင်ရှင်းလင်းခဲ့သောအဖွဲ့ ဖြစ်သည်။
Choi Han မှာလျှို့ ဝှက်အဖွဲ့ အစည်းဖြင့်နှစ်ကြိမ်နှစ်ခေါက်မျှထိပ်တိုက်ရင်ဆိုင်ခဲ့ရသော်လည်း သူတို့နှင့်ပတ်သတ်၍သဲလွန်စများများစစကိုမသိရခဲ့။
'လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ဝတ်စုံပေါ် မှာကြယ်တွေမပါတတ်ဘူး'
Harris ရွာလေးနှင့် ဝံပုလွေပြာမျိုးနွယ်စုတို့နှစ်ခုလုံးတွင် လုပ်ကြံသတ်ဖြတ်ခြင်းမှာသူတို့၏အဓိကရည်ရွယ်ချက်ဖြစ်သဖြင့် လျှို့ဝှက်အဖွဲ့အစည်းသည်သူတို့၏လုပ်ကြံသူအဖွဲ့ ကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူတို့အဖွဲ့ မှာ အမှားတစ်စုံတစ်ရာဖြစ်ခဲ့လျှင်အတွက် သူတို့၏ဝတ်စုံမှာအနက်ရောင်သာဖြစ်ပြီးကြယ်မပါရှိ။ အကယ်၍ သူတို့၏လုပ်ဆောင်ချက်တစ်စုံတစ်ရာမှားယွင်း၍ အဖမ်းခံခဲ့ရပါက ကိုယ့်ကိုကိုယ်သတ်သေဖို့နည်းလမ်းကိုယင်းလုပ်ကြံသတ်ဖြတ်သူတို့ရွေးချယ်ကြရမည်ဖြစ်သည်။
VOUS LISEZ
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️