20

48 6 0
                                    

အကျဥ်း​ထောင်ထဲမှထွက်လာပြီး​နောက် Cale နဂါးငယ်အား​​ ကြောင်​လေးနှစ်​ကောင်​ရှေ့ချလိုက်သည်။

"ကြည့်ရတာ​တော်​တော်နာမယ့်ပုံပဲ"

"စိတ်မ​ကောင်းစရာ"

On နဲ့ Hong ​​မောင်နှစ်မနှစ်​ယောက်တို့မှာနူတ်ဆိတ်​နေ​သေးသည့်နဂါးအနားတွင်ဝိုင်း၍ထိုင်လိုက်ကြသည်။

ထို့တွင် နဂါး​လေးသည်သူ၏သွားများကိုဖြဲပြကာစ၍မာန်ဖီ​တော့သည်။ ဖြစ်နိုင်သည်က​တော့ သူ့ဘဝတွင် လူသားကလွဲ၍အခြားသတ္တဝါများကိုပထမဆုံးအကြိမ်အ​နေနှင့်တွေ့ မြင်လိုက်ရခြင်းမို့လို့ ဖြစ်နိုင်သည်။

Cale သူ၏လက်ပတ်နာရီဖြင့်အချိန်အားတစ်ချက်ကြည့်လိုက်သည်။ ကြည့်ရတာ ထွက်​ပြေးဖို့လောက်ပဲအချိန်ကရှိ​တော့သည်ထင်။

"သူကြည့်ရတာနာ​နေတဲ့ပုံပဲ"

Cale အနားသို့ On ကတိုးကပ်လာကာ Cale ၏​ခြေ​ထောက်အားတို့လိုက်သည်။ သူမကြည့်ရတာ Cale ယူလာခဲ့သည့်မှော်​​သေတ္တာထဲက​ဆေးရည်အားစဥ်းစား​နေသည့်ပုံ​ပေါ် သည်။

"ခဏ​လေး"

Cale ထို​ဆေးရည်အားအသုံးပြုဖို့အတွက်ယူ​ဆောင်လာခြင်းဖြစ်သည်။ သို့​သော် Mana ထိန်းချုပ်ချိန်းဖြုတ်ပြီးသည့်အချိန်ထိသူ​စောင့်ဖို့လိုအပ်သည်။ နှလုံးသားကဲ့သို့အ​ရေးကြီးလှသည့် Mana မှာဆက်ပြီးထိန်းချုပ်ခံရခြင်းမရှိ​တော့မှ ​ဆေးရည်မှာအာနိသင်ပြနိုင်မည် ဖြစ်သည်။

အကျဥ်း​ထောင်နှင့်ဆန့်ကျင်ဖက်လားရာတွင် နှိပ်စက်ပညာရှင်​စောင့်ကြပ်​နေတယ် လို့ထင်ရတဲ့​နေရာဆီသို့ Cale ဦးတည်သွားလိုက်သည်။ သိပ်မကျယ်​သော်လည်း အ​ဝေးမှလာသည့်Choi Han ၏တိုက်ခိုက်​နေသံကို Cale ကြား​နေရပါသည်။ Choi Han ၏တိုက်ပွဲမှာမကြာမီပြီးဆုံး​တော့မည်ဟု Cale ခန့်မှန်းလိုက်သည်။

"ကြည့်ရ​အောင်"

Cale တစ်​ယောက်သူ၏လက်ဖြင့် လိုဏ်ဂူ၏နံရံပြင်​ပေါ် လိုက်ပုတ်ကြည့်သည်။

သူ၏လမ်းတွင်ပိတ်​နေသည့်နှိပ်စက်ပညာရှင်အား​ Cale ခြေ​ထောက်နှင့်ကန်ထုတ်လိုက်ကာ နံရံအနှံ့​​တစ်​နေရာမှမကျန်​အောင်ဆက်၍လိုက်ပုတ်ကြည့်​နေလိုက်သည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Nơi câu chuyện tồn tại. Hãy khám phá bây giờ